နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုဒုံမြို့မှာ စစ်ကောင်စီလုံခြုံရေးယာဉ်တန်း ပစ်ခတ်ခံရပြီး အရာခံဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံး

ဇွန်လ (၁၀)ရက်။

မနေ့က နေ့လယ် (၃)နာရီခွဲအချိန်မှာ မုဒုံမြို့ရှိ မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ဖော်ပြထားချက်တွေအရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အမှတ်(၃၁၈)အမြှောက်တပ်ရင်းက အရာခံဗိုလ် တင်ဝင်းဦးစီးပြီး (၁၀)ဦးလိုက်ပါလာတဲ့ ယာဉ်တန်းဟာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်မှာ လမ်းကင်းလုံခြုံရေးဆောင်ရွက်နေချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီလုံခြုံရေးယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အရာခံဗိုလ် တင်ဝင်းဟာ ကျည်ထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့သလို တပ်ကြပ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ကောင်စီလုံခြုံရေးယာဉ်တန်း ပစ်ခတ်ခံရတဲ့အထဲ (၁၂)ဘီးကားမောင်းနှင်လာတဲ့ အရပ်သားတစ်ဦး ထိမှန်ခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီလုံခြုံရေးယာဉ်တန်းကို မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရောင်းဒေါင်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ NMSP-AD က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် နှစ်ဖက်ပစ်ခတ်တာတွေဟာ မိနစ်ပိုင်းကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က စစ်ကားတွေနဲ့ရောက်ရှိလာကာ လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 7 Views
မေလ (၉)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲဝန်းကျင်က ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 20 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထီးခီးစခန်းအပါအဝင် စစ်ကောင်စီစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ ဒီကနေ့ တရက်ထဲ ထီးခီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်းတွေဟာ ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်စခန်း၊
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၈၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 15 Views
မေလ (၉)ရက်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈၀၀၈)ဦးကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဆက်မပြတ်
မြန်မာသတင်း

မော်စကိုခရီးစဉ်ထဲ ကာဇက်စတန်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 15 Views
မေလ (၉)ရက်။ မနေ့က ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာမှာ
မြန်မာသတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိကတဦးကို ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 21 Views
မေလ (၈)ရက်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်ဝင်းဝင်းအောင်ဟာ စစ်ကောင်စီရဲ့ယန္တရား လည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ မန္တလေး နိုင်ငံခြားရေးဘာသာတက္ကသိုလ်က
မြန်မာသတင်း

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြ

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 52 Views
မေလ (၈)ရက်။ မနေ့က ကျောင်းသားတပ်မတော်(ABSDF)နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)တို့ အွန်လိုင်းကနေတဆင့် ဆွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျောင်းသားတပ်မတော်(ABSDF)က ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ BLDF က ဗဟိုကော်မတီတွေ
မြန်မာသတင်း

PDF တပ်ရင်းထောက်ပံ့စရိတ်အနေနဲ့ ကန်ဒေါ်လာ (၂၄)သန်းကျော် ပေးပို့ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
မေလ (၈)ရက်။ PDF တပ်ရင်း ထောက်ပံ့စရိတ်အနေနဲ့ စုစုပေါင်း ခန့်မှန် အမေရိကန်ဒေါ်လာ (၂၄.၉)သန်းခန့် ပေးပို့ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF တပ်ရင်း၊ တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး မနေ့ကအထိ