နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

လပွတ္တာမြို့မှာ ကြုံ့ခိုင်ရေးပါတီ၀င်တစ်ဦးရဲ့ လျှပ်စစ်ပစ္စည်းဆိုင် လက်ပစ်ဗုံးနဲ့ပစ်ခံရ

ဇူလိုင်လ (၁၀)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်းဆိုင် လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်‌နယ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ ဆိုင်ကယ်တစီးနဲ့ အမျိုးသားနှစ်ဦးရောက်လာပြီး ဆိုင်ထဲကို လက်ပစ်ဗုံးနဲ့ပစ်သွားတာပါ၊ သူတို့ပစ်လိုက်တဲ့လက်ပစ်ဗုံးက မပေါက်သွားဘူး” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။

လက်ပစ်ဗုံးပစ်ခံရတဲ့ဆိုင်ဟာ ရွှေပြည်ကျော် လျှပ်စစ်ပစ္စည်းဆိုင်ဖြစ်ကာ မပေါက်ကွဲခဲ့တဲ့ လက်ပစ်ဗုံးကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လာရောက်သိမ်းဆည်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို လက်ပစ်ဗုံးလာပစ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဖမ်းဆီးနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်သွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဗုံးပစ်ခံရတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်ဟာ ဦးညို၀င်းဖြစ်ပြီး လပွတ္တာမြို့နယ်ရဲ့ ကြံ့ခိုင်ရေးပါတီ၀င်တစ်ဦးဖြစ်တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon
မြန်မာသတင်း

ကိုဗစ်ချေးငွေတွေကို သတိပေးစာနဲ့ ပြန်တောင်းဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ကိုဗစ်-၁၉ ချေးငွေတွေအနေနဲ့ ထုတ်ချေးပေးထားတာတွေကို ပြန်တောင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုဗစ်ချေးငွေတွေ ပြန်တောင်းဖို့ကို ဇန်နဝါရီလ (၁၆)ရက်နေ့က ကော်မတီအစည်းအဝေးတရပ် ခေါ်ယူပြီး စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးက
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ
မြန်မာသတင်း

မုံရွာအခြေစိုက် နမခ ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်ခံရ၊ တိုင်းစစ်ဦးစီးချုပ်ရဲ့ PSO အပါအဝင် (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 3 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည (၉)နာရီ (၄၇)မိနစ်အချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံး (၃၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာအခြေစိုက်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရွှေသောင်ယံရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 8 Views
ဇန်နဝါရီလ (၁၈)ရက်။ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစတပ်က ရွှေသောင်ယံမြို့နယ်ခွဲတကြောက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညအချိန်မတော်
မြန်မာသတင်း

သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 8 Views
ဇန်နဝါရီလ (၁၈)ရက်။ ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ အဆင့်နဲ့အညီ လွှတ်တော်အစည်းအဝေး လုပ်ဆောင်နိုင်စွမ်းရှိရမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာမှာ
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို မီးရှို့ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခင်ဦးနယ်အနောက်ခြမ်း ပျဉ်ထောင်ပျူရွာအခြေချ