နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်

1027 Operations

1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

စက်တသ်ဘာလ (၁၀)ရက်။

ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။

“ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုတာက သတင်းအမှားပါ။ အခုလိုကိစ္စရပ်မျိုး မဖြစ်ခဲ့ပါဘူး” လို့ ဦးညီရန်းက “ ၀” လူငယ့်အသံကွန်ရက်ကို ပြောဆိုထားပါတယ်။

စက်တင်ဘာလ (၇)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က လားရှိုးနဲ့ မိုင်းယော်ကြားရှိ “ ၀” ဂိတ်စခန်းတစ်ခုကို MNDAA စစ်ကြောင်းတစ်ခုက အတင်း၀င်ရောက်ဖြတ်သန်းတာကြောင့် “ ၀” တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ 7Stars News က ဖော်ပြခဲ့ပါတယ်။

အခုလို သတင်းဖော်ပြတာနဲ့ပတ်သက်ပြီး UWSA ရဲ့ ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းက ငြင်းဆိုထားသလို UWSA တပ်ရင်း (၇၁၃)ရဲ့ တပ်မဟာမှူး တာ့ခွန်အိုင်ကလဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

“ ဒီသတင်းက မဟုတ်ပါဘူး၊ သူတို့အချင်းချင်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပါတယ်” လို့ လားရှိုး-မိုင်းယော်-မိုင်းဂျက်မှာ တပ်စခန်းချ ဂိတ်ထိုင်နေတဲ့ တပ်မဟာမှူး တာ့ခွန်အိုင်က ဆိုပါတယ်။

“ ၀” ပြည်‌ သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)အနေနဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းထဲ လားရှိုး-မိုင်းယော်-မိုင်းဂျက် အစရှိတဲ့ လမ်းကြောတလျှောက်မှာ စခန်းချပြီး ဂိတ်စခန်းတွေကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

လားရှိုးမြို့ တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခံရ၊ (၃)လတာထဲ အရပ်သား (၃၀)ကျော်သေဆုံးပြီး (၉၀)‌ကျော် ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 7 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA
1027 Operations မြန်မာသတင်း

သီပေါမြို့မှာ (၃)ရက်တာထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 12 Views
အောက်တိုဘာလ (၁)ရက်။ အခု(၃)ရက်တာထဲ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ထပ်မံကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 20 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲ၀န်းကျင်ခန့်မှာ လားရှိုးမြို့ရှိ လူနေရပ်ကွက်ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ လေကြောင်းကနေ ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၂)နာရီခွဲနဲ့ (၁၂)နာရီ
1027 Operations မြန်မာသတင်း

လားရှိုးမြို့ လေကြောင်းကနေ ထပ်မံဗုံးကြဲခံရ၊ သိန်း (၁၀၀၀)နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ MNDAA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 14 Views
စက်တင်ဘာလ (၂၉)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လားရှိုးမြို့၊ အမှတ် (၈)ရပ်ကွက်ရှိ မန်ဆူဟိုတယ်အနီးရှိ
မြန်မာ့နိုင်ငံရေး

ပြည်သူအပေါ် စာနာပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံဖိတ်ခေါ်တာဆိုပြီး စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 24 Views
စက်တင်ဘာလ (၂၉)ရက်။ ပြည်သူအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ ‌မေတ္တာရပ်ခံဖိတ်ခေါ်တာလို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းထားတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့ ဒေသတော်တော်များများမှာ ရေကြီးရေလျှံတဲ့ဒဏ်နဲ့ သဘာ၀ဘေးဒဏ် ခံခဲ့ရပါတယ်။
1027 Operations မြန်မာသတင်း

တစ်လထဲ လားရှိုးမြို့ လေကြောင်းကနေ ဗုံးကြဲခံရတာ (၇)ကြိမ်အထိရှိခဲ့၊ အရပ်သား (၃)ဦးသေဆုံးပြီး (၃၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 20 Views
စက်တင်ဘာလ (၂၈)ရက်။ ဩဂုတ်လကုန်ပိုင်းကစပြီး စက်တင်ဘာလ (၂၇)ရက်နေ့အထိ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေငြိမ်သက်ခဲ့ပြီးနောက် လားရှိုးမြို့ကို ဒေသခံပြည်သူတွေ နေရပ်ပြန်လည်၀င်ရောက်လာပြီး အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေ
1027 Operations မြန်မာသတင်း

လားရှိုးမှာ ဗုံးကြဲခံရပြီး ပျက်စီးသွားတဲ့နေရာတွေကို ပြုပြင်ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ MNDAA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 26 ရက်
  • 28 Views
စက်တင်ဘာလ (၂၆)ရက်။ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားတဲ့နေရာတွေကို ပြုပြင်ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်အစောပိုင်းအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ
မြန်မာ့နိုင်ငံရေး အာရှ

မြန်မာ့တော်လှန်ရေးကို အိန္ဒိယက စိတ်ဝင်စားလာပြီလား။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 33 Views
စက်တင်ဘာလ (၂၅) ရက်။ စက်တင်ဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး