နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေး ချမ်းမြသာစည်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓါးပြတိုက်ခံရ၊ ရွှေ (၁၀)ပိဿာကျော်နဲ့ ကျပ်သိန်း (၁၀၀၀)ခန့်ပါသွားဟုဆို

စက်တင်ဘာလ (၁၀)ရက်။

ဒီကနေ့ နံနက် (၈)နာရီခန့်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို လက်နက်ကိုင်ဆောင်ထားသူတစ်စုက ဓါးပြတိုက်သွားခဲ့တယ်လို့ မြို့နေပြည်သူတွေထံက သိရပါတယ်။

“ နံနက် (၈)နာရီလောက် သေနတ်တွေ ဓါးတွေကိုင်ထားတဲ့ အမျိုးသားတစုက (၁၀၁)ဘီလမ်းနဲ့ (၇၁)လမ်းက ရွှေဆိုင်ပိုင်ရှင်အိမ်ကို ဓါးပြ၀င်တိုက်သွားတာ။ ဆိုင်ကိုသွားဖို့ပြင်နေတဲ့အချိန် လုသွားတာဆိုတော့ ရွှေတော်တော်များများ ပါသွားတယ်” လို့ မြို့နေသူတစ်ဦးက ဆိုပါတယ်။

ဓါးပြတိုက်ခံရသူဟာ ချမ်းအေးသာစံမြို့နယ် လမ်း (၃၀) မင်္ဂလာဈေးအနီး ဖွင့်လှစ်ထားတဲ့ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေ၀င်းဖြစ်ပြီး ဆိုင်ကိုသွားဖို့ ပြင်နေချိန်မှာ ဖြစ်ပွားခဲ့ကာ ရွှေထည်‌တွေထည့်ထားတဲ့ ခြင်းကို ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

“ ကားကတော့ Nissan ကား အမျိုးအစားပေါ့၊ ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို သေနတ်‌တွေနဲ့ချိန် ဝင်သွားပြီး ရွှေတွေထည့်ထားတဲ့ခြင်းတွေကို ယူပြီး ကားမောင်းထွက်သွားတာ။ ပြောနေကြတာတော့ ရွှေ (၁၀)ပိဿာကျော်ပါသွားတယ်ကြားတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီဓါးပြတိုက်မှုဖြစ်စဉ်ထဲ ရွှေ (၁၀)ပိဿာကျော်ခန့်နဲ့ ငွေကျပ်သိန်း (၁၀၀၀)ခန့် ယူဆောင်သွားခဲ့ကြပြီး ဓါပြတိုက်သူတွေဟာ (၇၁)လမ်းအတိုင်း မြောက်ဘက်ကနေ တောင်ဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ စစ်လော်ဘီချန်နယ်တွေက ရေးသားထားပါတယ်။

ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ရောက်ရှိလာခဲ့ကာ စီစီတီဗီမှတ်တမ်းကြည့်တာအပါအ၀င် စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ဖမ်းဆီးရမိဖို့ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီလက်ထက် မန္တလေးမြို့ရှိ ရွှေဆိုင်တွေနဲ့ ဘဏ်အချို့ လုယက်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့ ‌မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့