နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၃၀၀)ကျော်ကို အကျင့်စာရိတ္တပြုပြင်ပေးခဲ့တယ်လို့ TNLA ထုတ်ပြန်

နိုဝင်ဘာလ (၁၀)ရက်။

ကျောက်မဲမြို့နယ်ထဲ အကျင့်စာရိတ္တပြုပြင်ရေးကျောင်းကို ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ (၃၂၀)ဦးကို ပြုပြင်ပေးခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကျောက်မဲမြို့မှာ စစ်ကောင်စီထိန်းချုပ်ချိန်က သူတို့ရဲ့ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ကျောက်မဲမြို့အပါအဝင် TNLA အနေနဲ့ “ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂)မှာ သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ နယ်မြေထဲ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူ (၃၂၀)ဦးကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းသို့ ပို့ဆောင်ကာ (၆)လတိတိ အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဥပဒေအရ အရေးယူခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သူတို့ကို လိုက်လံဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ကျောက်မဲမြို့အပါအဝင် TNLA အုပ်ချုပ်တဲ့ နယ်မြေတွေမှာ အေးချမ်းသာယာပြီး မူးယစ်ကင်းစင်နယ်မြေအနေနဲ့ ပြည်သူတွေ အေးချမ်းစွာ နေထိုင်ကြတယ်လို့ ပြောဆိုထားပါတယ်။

TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဟာ ရပ်ရွာအေးချမ်းဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ မူးယစ်တိုက်ဖျက်ဖို့နဲ့ ပြည်သူ့လုံခြုံရေးဆိုတဲ့ လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIA က ဖားကန့်ဒေသထဲ တပ်သားသစ်စုဆောင်းတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ စာပို့တင်ပြထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 16 Views
အောက်တိုဘာလ (၁၅)ရက်။ ဖားကန့်ဒေသထဲ တပ်သားသစ် စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအင်အားစုတွေက KIA ရဲ့ အမှတ်(၉)တပ်မဟာမှူးထံ အောက်တိုဘာလ (၁၁)ရက်နေ့ရက်စွဲနဲ့ စာပို့တင်ပြထားတယ်လို့
မြန်မာသတင်း

ရန်ကုန် မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 14 Views
အောက်တိုဘာလ (၁၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုက အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 15 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောင်နဲ့ အချုပ်ခန်းက အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ဆိုပြီး ဖိအားပေးနေတာ။ မဲထည့်ဖို့ငြင်းရင် ကန့်ကွက်မဲဆိုပြီး
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA ပွဲကိုတက်တဲ့ ခေါင်းဆောင်ဟောင်းတွေက အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 17 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတာနီးက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက KNU ခေါင်းဆောင်တွေဆိုပေမယ့် အခုကာလမှာ
မြန်မာသတင်း

တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့‌ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 10 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijiun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်တပ်က
မြန်မာသတင်း

လားရှိုးမှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲနဲ့ နမ္မတူက စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 14 Views
အောက်တိုဘာလ (၁၄)ရက်။ လားရှိုးမြို့မှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နဲ့ နမ္မတူမြို့က စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိ ရှိလာတယ်တယ်လို့ SSPP ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ကျောက်မဲမြို့ပြန်ရဖို့ စစ်တပ်က အင်အား(၁၀၀၀)ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့်
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 45 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မယ်သမီခီး(ထီးခီး)ရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 24 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာကလေးငယ်တွေရဲ့ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ထိတ်လန့်တာတွေနဲ့ ပြည့်နှက်နေပြီး အများစုဟာ စစ်အုပ်စုရဲ့ မဆင်မခြင်