နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 26 ရက်

ပြည်တွင်းသတင်း

ပြည်တွင်းသတင်း မြန်မာ့နိုင်ငံရေး

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့

ဇန်နဝါရီလ (၁၁) ရက်။

ဒီကနေ့ ဇန်နဝါရီလ (၁၁)ရက်မှာကျရောက်တဲ့ (၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိ ဒုက္ခသည်စခန်းတစ်ခုမှာ နံနက်(၅)နာရီခွဲအချိန်ကစပြီး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို KNU ဗဟိုက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ပဒို ကလယ်စေး၊ ပဒို မန်းကေနဒီနဲ့ ဘာသာရေးခေါင်းဆောင် ဆရာတော် စောရေးဂျယ်တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို ကရင့်အမျိုးသားအလံတော် လွှင့်တင်တာ(ကျွဲချိုမှုတ်တာ)နဲ့ ဗိုလ်ကြီး စောဟဲဝါးက ဦးဆောင်ပြီး ကရင်အမျိုးသားအလံတော် အလေးပြုတာတွေနဲ့ စတင်ခဲ့ကြပါတယ်။

အဖွင့်အမှာစကားကို အခမ်းအနားမှူးဖြစ်တဲ့ ဆရာစောဆူးခက်က ပြောကြားခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနဲ့ KNU ဥက္ကဌ ပဒိုစောကွယ်ထူး၀င်းက ပေးပို့တဲ့ မိန့်ခွန်းကို ဆရာမ နော်ထရီးဇာက ဖတ်ကြားခဲ့ပါတယ်။

ဒါ့ပြင် အခမ်းအနားကို တက်ရောက်လာကြတဲ့ KNU ခေါင်းဆောင်တွေက တိုက်တွန်းအားပေးစကားပြောကြားခဲ့ပြီး သိက္ခာတော်ရ ဆရာတော် စောဆာတူဂေါ်က ကောင်းချီးပေးတာနဲ့ အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။

(၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ပြည်သူလူထုပေါင်း (၅၀၀)ခန့် တက်ရောက်ဂုဏ်ပြုခဲ့တဲ့အပြင် ကရင်လူငယ်တွေနဲ့ ကျောင်းသူ/ကျောင်းသားတွေလဲ တက်ရောက်ပြီး ဂုဏ်ပြုတေးသီချင်းတွေ သီဆိုခဲ့ကြတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 22 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 99 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 57 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 52 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 122 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 169 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက
မြန်မာ့နိုင်ငံရေး

ဆီရီးယားလို အာဏာရှင်တွေ လက်မြှောက်အရှုံးပေးရအောင် NUG အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတတိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 130 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဆီရီးယားလို မြန်မာမှာ အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးရအောင် အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာရပ်နွေဦးတော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက်အရှုံးပေးသွားခဲ့ကြရတယ်ဆိုတာ
မြန်မာ့နိုင်ငံရေး

ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလလို့ UWSA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 128 Views
ဒီဇင်ဘာလ (၉)ရက်။ ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုပြီး သတင်းရေးသားနေကြတာတွေဟာ မဟုတ်မမှန်တဲ့ ကောလာဟလသတင်းတွေလို့ UWSA က ဒီဇင်ဘာလ (၇)ရက်နေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ထိုင်းဘက်က “ ဝ” တပ်စခန်း (၉)ခုကို ဒီဇင်ဘာလ (၁၈)ရက်နေ့