နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

ပြည်တွင်းသတင်း

ပြည်တွင်းသတင်း မြန်မာ့နိုင်ငံရေး

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့

ဇန်နဝါရီလ (၁၁) ရက်။

ဒီကနေ့ ဇန်နဝါရီလ (၁၁)ရက်မှာကျရောက်တဲ့ (၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိ ဒုက္ခသည်စခန်းတစ်ခုမှာ နံနက်(၅)နာရီခွဲအချိန်ကစပြီး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို KNU ဗဟိုက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ပဒို ကလယ်စေး၊ ပဒို မန်းကေနဒီနဲ့ ဘာသာရေးခေါင်းဆောင် ဆရာတော် စောရေးဂျယ်တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို ကရင့်အမျိုးသားအလံတော် လွှင့်တင်တာ(ကျွဲချိုမှုတ်တာ)နဲ့ ဗိုလ်ကြီး စောဟဲဝါးက ဦးဆောင်ပြီး ကရင်အမျိုးသားအလံတော် အလေးပြုတာတွေနဲ့ စတင်ခဲ့ကြပါတယ်။

အဖွင့်အမှာစကားကို အခမ်းအနားမှူးဖြစ်တဲ့ ဆရာစောဆူးခက်က ပြောကြားခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနဲ့ KNU ဥက္ကဌ ပဒိုစောကွယ်ထူး၀င်းက ပေးပို့တဲ့ မိန့်ခွန်းကို ဆရာမ နော်ထရီးဇာက ဖတ်ကြားခဲ့ပါတယ်။

ဒါ့ပြင် အခမ်းအနားကို တက်ရောက်လာကြတဲ့ KNU ခေါင်းဆောင်တွေက တိုက်တွန်းအားပေးစကားပြောကြားခဲ့ပြီး သိက္ခာတော်ရ ဆရာတော် စောဆာတူဂေါ်က ကောင်းချီးပေးတာနဲ့ အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။

(၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ပြည်သူလူထုပေါင်း (၅၀၀)ခန့် တက်ရောက်ဂုဏ်ပြုခဲ့တဲ့အပြင် ကရင်လူငယ်တွေနဲ့ ကျောင်းသူ/ကျောင်းသားတွေလဲ တက်ရောက်ပြီး ဂုဏ်ပြုတေးသီချင်းတွေ သီဆိုခဲ့ကြတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 22 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 43 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 67 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 277 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က မနေ့က NCA (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို
ပြည်တွင်းသတင်း မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တုပေါများသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့က အပြည့်အဝ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် ဖြန့်ကျက်နေပြီဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 1.59K Views
ဇူလိုင်လ ၂၃ ရက်။ Bloomberg ဂျပန်မှဆောင်းပါးကို ဘာသာပြန်ထားပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော်သည် ယမန်နှစ်ကလည်း မြေရှားသတ္တု ပေါများသည့်ဒေသကို သိမ်းပိုက်ပြီး အစိုးရတပ်များကို နှင်ထုတ်ခဲ့သည်။ တရုတ်ကြားခံကုမ္ပဏီ၏ ဖောက်သည်စာရင်းတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ ပါဝင်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ် ကီလိုမီတာ
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 456 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 537 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို ဒုတိယမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့ရှုထောင့်တွေကနေ တဆက်တည်း ဆွေး‌နွေး ထားကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 447 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ