နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

ပြည်တွင်းသတင်း

ပြည်တွင်းသတင်း မြန်မာ့နိုင်ငံရေး

မကြာတဲ့ကာလမှာ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖြစ်ထွန်းလာမယ်လို့ ယုံကြည်ကြောင်း CRPH ထုတ်ပြန်

ဇန်နဝါရီလ (၁၁)ရက်။

မကြာတဲ့ အနာဂတ်ကာလမှာ အားလုံးရဲ့ ရည်မှန်းချက်တွေ လက်တွေ့ကျစွာ အကောင်အထည်ပေါ်ဖြစ်ထွန်းလာတော့မယ်လို့ ယုံကြည်ကြောင်း CRPH က ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

ခေတ်အဆက်ဆက်သာမက အခုနွေဦးတော်လှန်ရေးမှာ ကရင်တိုင်းရင်းသားအားလုံးဟာ သမိုင်းပေးတာ၀န်တွေကို ကျရာအခန်းကဏ္ဍတွေမှာ ကျေပွန်စွာ ပါ၀င်ထမ်းဆောင်နေတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ‌ဆိုထားပါတယ်။

နွေဦးတော်လှန်ရေးကနေ ဖြစ်ပေါ်လာတဲ့ အောင်မြင်မှုမှတ်တမ်းတွေက တိုင်းရင်းသားပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ကြိုးစားမှုအကျိုးရလဒ်တွေအနေနဲ့ ထည်ဝါစွာ သမိုင်း၀င်ကမ္ဗည်းတင်မယ့် မှတ်ကျောက်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးအောင်ပွဲ အဆက်ဆက်ကို ဖော်ဆောင်နေတဲ့ ကရင်ခေါင်းဆောင်ကြီးတွေနဲ့ သူရဲကောင်းအပေါင်းတို့ရဲ့ စွမ်းရည်သတ္တိတွေနဲ့ ရင်းနှီးပေးဆပ်တာတွေအတွက်လည်း ဂုဏ်ပြုဦးညွှတ်ကြောင်း ရေးသားထားပါတယ်။

စစ်အာဏာရှင်စနစ် အလုံးစုံကင်းစင်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို အမြန်ဆုံးတည်ဆောက်သွားနိုင်ဖို့အတွက် ကရင်တိုင်းရင်းသားတွေအပါအ၀င် ညီနောင်တိုင်းရင်းသားတွေနဲ့အတူ တွဲလက်ညီစွာ ကြိုးပမ်းသွားမယ်လို့ သ၀ဏ်လွှာမှာ သန္နိဌာန်ပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 19 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့
မြန်မာ့နိုင်ငံရေး

တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 20 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၇)ဦးသေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 23 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီကျော်လောက်စပြီး နန်းမယ်ခုံအနီး၀န်းကျင်ကို ဗုံး
ပြည်တွင်းသတင်း

ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ထောင်ဒဏ် တစ်နှစ်ချ

  • 2024 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 27 Views
သြဂုတ်လ (၁၂) ရက်။ ဆန်ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမတ်ဆု (Hiroshi Kasamatsu) ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 45 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၇)နာရီခန့်မှာ မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြပုလဲစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို နေ့တိုင်း
မြန်မာ့နိုင်ငံရေး

နယ်‌စပ်ဒေသတွေထဲ ကျားဖြန့်တွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာတို့ကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 42 Views
ဇူလိုင်လ (၁၀)ရက်။ နယ်စပ်ဒေသတွေထဲ အွန်လိုင်းလိမ်လည်တာတွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ လောင်ကိုင်ဒေသအပါအ၀င် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်တာတွေဟာ ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာမို့လို့
မြန်မာ့နိုင်ငံရေး

ရန်ကုန်မှာ ညပိုင်းမီးပျက်တဲ့အချိန် စစ်ကောင်စီက မြို့နယ်အချို့ထဲ ဧည့်စာရင်းစစ်ရှာဖွေတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 27 ရက်
  • 68 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းထဲ မီးပြတ်တောက်တဲ့အချိန် စစ်ကောင်စီဘက်က မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ညက ရန်ကုန်တိုင်းတခုလုံး မီးပြတ်သွားတာ၊ ဘာလို့ပြတ်လဲဆိုတာတော့မသိဘူး၊ အဲ့ဒီမီးပြတ်တဲ့အချိန်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 55 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို