နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား ယာယီပိတ်ထား

ဧပြီလ (၁၁) ရက်။

ထိုင်း-မြန်မာနယ်စပ်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဒီနေ့မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီနေ့ နံနက်ပိုင်းက မြဝတီမြို့အပြင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြို့စောင့်ခြေလျင်တပ်ရင်း ခလရ (၂၇၅) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အဲ့ဒီစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမှတ်(၂) တံတားအနီးမှာ ခိုလှုံနေတဲ့အတွက် ထိုင်းနိုင်ငံဘက်က တံတားကို ယာယီပိတ်လိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ဖို့ အမှတ်(၂)တံတားအနီး စစ်ကောင်စီတပ်သားတွေ ရောက်ရှိနေတဲ့အတွက် ပြည်သူတွေအပေါ် ရမ်းသမ်းပစ်ခတ်တာတွေ ရှိလာနိုင်တဲ့အတွက် အဲ့ဒီနေရာအနီးကို မသွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဘက်ကလည်း ဒီနေ့ သတိပေးထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ချစ်ကြည်ရေးတံတား အမှတ်(၁) ကိုတော့ လက်ရှိအချိန်ထိ ဖွင့်ထားပေးပြီး ပုံမှန် အတိုင်းသွားလာနေကြပေမယ့် အချိန်မရွေးပိတ်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘယ်အာဏာရှင်မှ ခေါင်းထောင်မလာနိုင်အောင် အတူတိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 11 Views
မတ်လ (၁၃)ရက်။ မြန်မာနိုင်ငံမှာ ဘယ်အာဏာရှင်မှ ခေါင်းထောင်မလာနိုင်အောင် အတူတကွ တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ကိုဖုန်းမော်နဲ့
မြန်မာသတင်း

စစ်မျက်နှာအလိုက် ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ NUG ကာကွယ်ရေးဝန်ကြီးပြော

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 8 Views
မတ်လ (၁၃)ရက်။ စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပ်မှူးသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း အရှေ့တောင်အာရှ

ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 12 Views
မတ်လ (၁၃)ရက်။ ထိုင်းနိုင်ငံ Nareasuan University က ဒေါက်တာစင်သီယာမောင်ကို ဂုဏ်ထားဆောင်ဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂုဏ်ပြုဘွဲ့ချီးမြှင့်တဲ့ အခမ်းအနားကို မတ်လ (၁၁)ရက်နေ့က ပြုလုပ်ခဲ့ပြီး
မြန်မာသတင်း

ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေ လက်တွဲဆောင်ရွက်ဖို့ NUG ဖိတ်ခေါ်

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 23 Views
မတ်လ (၁၃)ရက်။ ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေအနေနဲ့ လက်တွဲဆောင်ရွက်ဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာထဲ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတွေဟာ နိုင်ငံရေးလောကဓံပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို
မြန်မာသတင်း

စစ်ကောင်စီလက်ထက် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု (၄၆၀)ကြိမ်အထိရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 7 Views
မတ်လ (၁၃)ရက်။ စစ်ကောင်စီလက်ထက် တနိုင်ငံလုံးမှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်တဲ့ အကြိမ်ရေ (၄၆၀)ကြိမ်အထိ ရှိခဲ့တယ်လို့ အသံ-Athan ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ မတရားအာဏာလုယူတဲ့ (၄)နှစ်တာကာလထဲ တနိုင်ငံလုံးအတိုင်းအတအနေနဲ့ မြို့နယ်ပေါင်း (၂၀၃)မြို့နယ်မှာ
မြန်မာသတင်း

အိန္ဒိယအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်ဖို့ဆိုပြီး စစ်ကောင်စီသတိပေး

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 5 Views
မတ်လ (၁၃)ရက်။ အိန္ဒိယနိုင်ငံက နိုင်ငံရေးသမား‌တွေအနေနဲ့ နိုင်ငံရေးလိုဘ တခုထဲကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ တမူး-ကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီး အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်တဦးက သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်တယ်လို့ ပြောခဲ့တဲ့အပေါ်
မြန်မာသတင်း

တောင်သာမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တောင်သာမြို့ အေးကျင်းရွာကို စစ်ကောင်စီက လေ‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဈိုချက်တွေအရ စိရပါတယ်။ “ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်လောက် စကစက
မြန်မာသတင်း

ဒီမော့ဆိုမြို့ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက ဗုံး(၁၅)လုံးထက်မနည်း ကြဲချခဲ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
မတ်လ (၁၂)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် ဒီမော့ဆိုမြို့နယ်ထဲရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၅)လုံးထက်မနည်း ကြဲချခဲ့တယ်လို့ CTER-Karenni ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည