ဇွန်လ (၁၁)ရက်။
ဒီကနေ့ နံနက်(၆)နာရီအချိန်ခန့်က စဉ့်ကူးမြို့နယ်၊ ထီးကုန်းရွာက ကျောင်းဆရာမတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရတယ်လို့ ဝက်လက်ကင်းထောက်မြေပြင်သတင်းထံက သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ပျူစောထီးရွာဖြစ်တဲ့ ရွာသာယာကနေ စစ်ကောင်စီတပ်တွေဟာ ထုံးကြီးရွာကို ရိက္ခာရှာဖို့ သံခွံနဲ့ထွက်လာချိန် ကင်းစောင့်နေတဲ့ မြို့နယ်ပကဖရဲဘော်တွေက စီးကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ သံခွံစက်လှေနဲ့ မောင်းပြေးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ကျွန်းပေါ်ရှိ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ ထီးကုန်းရွာက ကျောင်းဆရာမ ဒေါ်မေဇင်ဝင်းဆိုသူကို ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို ရမ်းသန်းပစ်ခတ်တာကြောင့်လဲ ပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။