နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

၀က်လက်မြို့က ကျောင်းသားသမဂ္ဂအဖွဲ့၀င်တစ်ဦး သတ်ဖြတ်ခံရတဲ့အပေါ် NUG ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့

ဇူလိုင်လ (၁၁)ရက်။

၀က်လက်မြို့နယ်က ကျောင်းသားသမဂ္ဂအဖွဲ့၀င် Grade 11 ကျောင်းသား သတ်ဖြတ်ခံရတဲ့အပေါ် NUG ပညာရေး၀န်ကြီးဌာနရဲ့ မနေ့က ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ (၈)ရက်နေ့ ညပိုင်းက စိုင်နိုင်ကြီးကျေးရွာမှာနေထိုင်တဲ့ အသက် (၁၆)နှစ်အရွယ်ရှိ မြို့နယ်ကျောင်းသားသမဂ္ဂအဖွဲ့၀င် Grade 11 မောင်မြင့်မြတ်ဦးဟာ ရွာသုဿန်ကနေ အင်တာနက်သုံးပြီးအပြန်မှာ သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

NUG ပညာရေး၀န်ကြီးဌာနအနေနဲ့ မောင်မြင့်မြတ်ဦး သေဆုံးခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူ ကြေကွဲ၀မ်းနည်းရကာ ဖြစ်စဉ်မှန်ပေါ်ပေါက်ပြီး ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးမှာ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တို့ကို ချိုးဖောက်တဲ့ဖြစ်စဉ်တွေအပေါ် အမိန့်ပေးစေခိုင်းသူတွေနဲ့ ကျူးလွန်သူတွေအားလုံး တာ၀န်ခံရမယ်လို့ ရေးသားထားပါတယ်။

NUG ပညာရေး၀န်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ဥပဒေမဲ့သတ်ဖြတ်တာတွေနဲ့ မတရားညှင်းပန်းနှိပ်စက်တာတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ ပြောဆိုထားပါတယ်။

ပြစ်မှုကျူးလွန်တဲ့ဖြစ်စဉ်တွေကို အသေးစိတ်မှတ်တမ်းတင်ပြီး ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 1 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 2 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 3 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 4 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 4 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့
မြန်မာသတင်း

တော်လှန်ရေးတပ်တွေကို ထိထိရောက်ရောက် ချေမှုန်းမယ်ဆိုပြီး မင်းအောင်လှိုင်ခန့် ဒုတပ်ချုပ်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 3 Views
ဇွန်လ (၂၅)ရက်။ ပြည်ထောင်စုလမ်းမကြီးက တော်လှန်ရေးတပ်တွေကို ချေမှုန်းမယ်ဆိုပြီး မင်းအောင်လှိုင်ခန့် ဒုတပ်ချုပ် ကျော်စွာလင်းက မြိတ်တပ်နဲ့ ကျွန်းစုနယ်မြေခံတပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွေနဲ့ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်းကြောင်းက တော်လှန်ရေးတပ်တွေကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ ညွှန်ကြားထားပါတယ်။
မြန်မာသတင်း

အရာတော်တိုက်ပွဲ PDF (၁၀)ဦး ကျဆုံးခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 4 Views
ဇွန်လ (၂၅)ရက်။ မနေ့က အရာတော်ဒေသထဲ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားတာတွေထဲ အရာတော်ဒေသထဲ တော်လှန်ရေးတပ်ဖွဲ့တွေကို ရှာဖွေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်
မြန်မာသတင်း

စစ်ကောင်စီတပ်သားချင်း စကားများရန်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ရာ (၂)ဦးစလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 4 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၃)ရက်နေ့ နံနက် (၈)နာရီအချိန်က ရေစကြိုမြို့ ရွာသစ်ကလေးရှိ စစ်ကောင်စီတပ်စခန်းမှာ တပ်သားအချင်းချင်း စကားများရန်ဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကမ္ဘားကြီးရွာအနီးက ရွာသစ်ကလေးမှာ တပ်စွဲထားတဲ့ စကစတပ်သားတွေအချင်းချင်း စကားများရန်ဖြစ်ကြတာ။ အဲ့ဒီမှာ