နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလောမြို့ မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ်စခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ဇူလိုင်လ (၁၁)ရက်။

မနေ့က ညနေ (၄)နာရီခန့်မှာ ပုလောမြို့၊ မီးလောင်ချောင်းရွာရှိ စစ်ကောင်စီအထိုင်ဂိတ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပုလော-ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မီးလောင်ချောင်းရွာက စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းကို ပုလော-ပကဖအပါအ၀င် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခဲ့တယလို့ ဆိုပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစခန်းဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီဂိတ်စခန်းဘက်က ထိခိုက်တဲ့ အသေးစိတ်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ပုလော-ပကဖ Drone တပ်စိတ် (Shadow Squared)နဲ့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 21 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို 
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 42 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 39 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 24 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 23 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 31 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 38 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်