နိုဝင်ဘာလ (၁၁)ရက်။
အခု ၂၀၂၄ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်သွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီက နေပြည်တော်မှာ လာမယ့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလထဲ ကျင်းပပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့နဲ့ အဲ့ဒီအဖွဲ့ထဲမှာ ဆုရနိုင်တဲ့သူတွေကို တာဝန်ပေးတာတွေ မပြုလုပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။
အခုပြုလုပ်မယ့် ဆုပေးပွဲကို အရင်နှစ်ကအတိုင်း ကျင်းပနိုင်ဖို့အပါအဝင် ဆုရင့်တဲ့သူတွေ ရရှိစေဖို့အတွက် အကဲဖြတ်စိစစ်ရေးအဖွဲ့မှာ ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ ရွေးချယ်ဖို့ကိုလဲ ပြောဆိုထားပါတယ်။
၂၀၂၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီက မတည်ကျင်းပခဲ့ပြီး ရွှေစင်ရုပ်တုအားလုံးနဲ့ ကုန်ကျစရိတ်တွေကို ထုတ်နုတ်ဆောင်ရွက်ပေးခဲ့တာပါ။
အခုနှစ်အတွက် ကျင်းပမယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။