နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

နိုဝင်ဘာလ (၁၁)ရက်။

မနေ့က နံနက် (၁၁)နာရီအချိန်မှာ ရေစကြိုမြို့ အမှတ်(၇) (၅၀၀)ပြည့်ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နံနက်(၁၁)နာရီလောက် ၅၀၀ ပြည့်ရပ်ကွက်မှာ အင်အား (၅၀)လောက်နဲ့ သန်းခေါင်စာရင်းကောက်ဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကာကွယ်ရေးရဲဘော်တွေက အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့တာပါ၊ အဲ့ဒီမှာ (၁၅)မိနစ်လောက် အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်” လို့ ဆိုပါတယ်။

အမှတ်(၇) (၅၀၀)ပြည့်ရပ်ကွက်ထဲ စစ်ကောင်စီဟာ အင်အား (၅၀)ခန့်နဲ့ သန်းခေါင်စာရင်းကောက်ဖို့ ပြုလုပ်နေချိန် ကာကွယ်ရေးရဲဘော်တွေက အနီးကပ်သွားရောက်ပြီး ချုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ (၁၅)မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး ဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို (၅)ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့‌ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 20 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 19 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 18 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ
မြန်မာသတင်း

AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 20 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က ည (၇)နာရီကျော်အချိန်က ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်မှာ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၇)နာရီ (၂၄)မိနစ်နဲ့ (၂၈)မိနစ်မှာ
မြန်မာသတင်း

ခွင့်ပြုမိန့်မတင်ဘဲ ညစ်ညမ်းအက ဖျော်ဖြေတယ်ဆိုပြီး သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင် အမှုဖွင့်ထား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 20 Views
ဇန်နဝါရီလ (၂၁)ရက်။ ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကနဲ့ ဖျော်ဖြေတယ်ဆိုပြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၁၅)ရက်နေ့က ရန်ကုန်ရှိ နိုဗိုတယ်ဟိုတယ်မှာ သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ “ Cloud Seven
မြန်မာသတင်း

စစ်ခေါင်းဆောင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 34 Views
ဇန်နဝါရီလ (၂၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လူငယ်တွေကို နေရာပေးဖို့လိုတယ်၊ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အဓိက စွမ်းအားဖြစ်တယ် ဆိုပြီး
မြန်မာသတင်း

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 33 Views
ဇန်နဝါရီလ (၂၀)ရက်။ (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကျဉ်းသားတွေဟာ တအာင်းပြည်ထဲရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျူးလွန်ပြီး အကျဉ်းကျနေသူတွေဖြစ်ကာ TNLA က
မြန်မာသတင်း

ကျွန်းစုမြို့ (၁၂)ရက်ကြာတိုက်ပွဲထဲ ပကဖစခန်း မီးလောင်ပျက်စီးခဲ့ပြီး ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 35 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ကစပြီး ကျွန်းစုမြို့ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျောက်တန်းငယ်ရွာဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်‌တပ်ရေတပ်နဲ့ ပျူစောထီးတို့ပေါင်းကာ စစ်ကြောင်းထိုးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ မြို့နယ်ပကဖတို့ ထိတွေ့တိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့