နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိတ္ထီလာရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေပြော

နိုဝင်ဘာလ (၁၁)ရက်။

ဒီကနေ့ နံနက် (၄)နာရီ (၅၀)မိနစ်အချိန်က မိတ္ထီလာမြို့၊ ရှမ်းတဲကျေးရွာမြောက်ဘက်ရှိ ရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ မိတ္ထီလာရှမ်းတဲလေတပ်ဟာ Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ပြည်သာယာမြောက်ရပ်ကွက်နဲ့ ဇော်ချမ်းကုန်းရပ်ကွက်တွေပေါ် ပျံသန်းချိန် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲခဲ့တဲ့ Fixed Wing Drone (၈)စီးခန့်ရှိတယ်လို့ သိရပြီး အဲ့ဒီဒရုန်းတွေကို ပြောင်းခင်းထဲမှာတစ်စီး၊ ကျီတော်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ Grand CosmosHotel အနီးနဲ့ ပြည်သာယာမြောက်ရပ်ကွက်ရှိ မဟူရာသုဿာန်တို့မှာ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိတ္ထီလာတပ်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းလွှတ်တင်တဲ့နေရာကို စုံစမ်းစစ်ဆေးနေပြီး ဒရုန်းတွေ ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်ထဲ လူနဲ့ အဆောက်အဦး ထိခိုက်တာမရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။

ဒီကနေ့ နံနက်ပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ(၉၉)နဲ့ ကပစတပ်တွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေကလဲ ပြောဆိုထားပါတယ်။

အခုလို မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းအပြင် စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ အခုအခါ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေအပါအဝင် အရပ်သားနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က လေတပ်စခန်းတွေကို တိုက်ခိုက်တာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 28 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 28 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 31 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် ယတြာချေဖို့ လပခဌာနချုပ်ထဲ တည်းခိုနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 46 Views
ဇန်နဝါရီလ (၂၇)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းအောင်လှိုင်က မန္တလေးမှာ မဲရုံတွေကိုလိုက်ကြည့်ပြီး အပြန် ယတြာချေဖို့ လပခထဲ
မြန်မာသတင်း

ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွတ်အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 36 Views
တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအသိပေး ဇန်နဝါရီလ (၂၇)ရက်။ နိုင်ငံအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဦးညွတ်‌အလေးပြုတယ်လို့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရဲဘော်တွေအနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး
မြန်မာသတင်း

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 29 Views
ဇန်နဝါရီလ (၂၇)ရက်။ NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန်
မြန်မာသတင်း

အင်အားစုတွေအကြား သဘောထားကွဲလွဲတာတွေ ညှိနှိုင်းဖြေရှင်းဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 33 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး