နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဟာ လူသားရင်းမြစ်လိုအပ်ချက် ကြီးမားနေပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုအတင့်ရဲလာ

ဒီဇင်ဘာလ (၁၁)ရက်။

အကြမ်းဖက်စစ်ကောင်စီဟာ လူသားရင်းမြစ် လိုအပ်ချက်ကြီးမားနေပြီး စစ်မှုထမ်းဥပဒေကို မတရားအသုံးချကာ နေရာအနှံ့ တပ်သားသစ်တွေ စုဆောင်းနေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

အခုအခါ မန္တလေးမှာ စစ်ရှုံးစစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာကို ‌ပိုမိုအတင့်ရဲလာပြီး နေခင်းကြောင်တောင်အချိန်မှာပဲ ပေါ်တင်ဖမ်းဆီးတာနဲ့ နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာကြောင့် လူငယ်၊ လူလတ်ပိုင်း အမျိုးသားတွေ ပိုမိုသတိထားနေထိုင်ဖို့ အသိပေးထားပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားသစ်အနေနဲ့ စုဆောင်းတာ၊ ပေါ်တာဆွဲတာ မခံရစေဖို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေရဲ့ စစ်မှုထမ်းနဲ့ပတ်သက်တဲ့ လှုပ်ရှားတာတွေကို စောင့်ကြည့်နားစွင့်ပြီး ကြိုတင်ရှောင်ရှားဖို့ MDY Revolution က အကြံပြုပြောဆိုထားပါတယ်။

နောက်ပြီး မိသားစုနဲ့ခြိမ်းခြောက်အကြပ်ကိုင်တာမျိုး မလွှဲမရှောင်သာ စုဆောင်းခံရရင် ကြိုတင်ပြင်ဆင်နေချိန်မှာ ပြည်သူ့ရင်ခွင်အဖွဲ့အပါအဝင် ဒေသထဲရှိ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်အကြံဉာဏ်တောင်းဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အချိန်မတော် နေအိမ်ပြင်ပသွားလာတာ၊ မလိုအပ်ဘဲ ခရီးထွက်တာ၊ စစ်ကောင်စီထိန်းချုပ်နေရာတွေက ပျော်ပွဲရွှင်ပွဲတွေဆီ သွားလာတာတွေကို တတ်နိုင်သလောက် ဆင်ခြင်ဖို့နဲ့ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းဖို့ တတ်နိုင်တဲ့ကဏ္ဍကနေ ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

အခုလဆန်းပိုင်းကစပြီး မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီက ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး လူငယ် (၃၀)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသလို ရန်ကုန်မြိုမှာလဲ စစ်မှုထမ်းဖို့ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ထဲရှိ အမျိုးသားတွေ စာရင်းပေးဖို့ ကြေညာနေပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့အချိန်ကစပြီး အတင်းအဓမ္မစစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေသလို ငွေကြေးတောင်းခံပြီ အစားထိုးစစ်မှုထမ်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 18 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 15 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ