နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

အပစ်ရပ်စဲရေးဆိုင်ရာ ဟိုင်ဂင်သဘောတူညီမှုဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်ကို ညီနောင်သုံးဖွဲ့ သတင်းထုတ်ပြန်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်၊ ခေတ်မျက်လုံး။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) နဲ့ ညီနောင်မဟာမိတ် (၃) ဖွဲဖြစ်ကြတဲ့ MNDAA၊ TNLA နဲ့ AA တိုဟာ တရုတ်နိုင်ငံ၊ ကူမင်းမြိုမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နဲ့ (၁၁) ရက်နေ့တွေမှာ နှစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ” ဟိုင်ဂင်သဘောတူညီမှုများ” ရရှိခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ဒီနေ့ ဇန်နဝါရီလ (၁၂) ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အခုအကြိမ်တွေ့ဆုံမှုဟာ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ အချက် (၃) ချက် သဘောတူညီမှု ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး

စတဲ့ အချက်တွေအပေါ် သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ သဘောတူညီမှုရရှိစေဖို့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို စတင်မပြုလုပ်ရန် သဘောတူခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်သုံးဖွဲ့ ထိန်းချုပ်၊ သိမ်းပိုက်ထားတဲ့ နေရာတွေအားလုံးကို လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဘက်အဖွဲ့အစည်းက တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေဖို့နဲ့ မဖျက်ဆီးကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနဲ့ အခြားကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC) ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 47 Views
ဇွန်လ (၂၂)ရက်။ ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမားတို့ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 62 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 63 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ မိုင်းလားတပ်ဖွဲ့(NDAA)တို့ အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ပြည် ကျောက်တော်မြိုပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက် များနှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီး တစ်ဝိုက်ကို စစ်တပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 58 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် ၊ ကျောက်တော်မြိုပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄)
၁၁၁၃ ရခိုင်စစ်ပွဲ

CPU/CPA နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 148 Views
ဧပြီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချင်းအမျိုးသားအစည်းအရုံး(CPU/CPA)နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ CPU ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ‌ဝင်တွေဟာ AA က ဖိတ်ကြားတာကြောင့် အာရက္ခဒေသကို သွားရောက်ပြီး
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 190 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 272 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “(၂)နာရီ (၇)မိနစ်လောက်က ပုဏ္ဏယးကျွန်း ယိုးငူရွာက ဈေးတန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 1.32K Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်