နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ကိုယ်စားလှယ်များကော်မတီရဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု (PRCF) က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နောက်ဆုံးမူကြမ်းထုတ်ပြန်

ဖေဖော်ဝါရီလ (၁၃)ရက်။

ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု (PRCF) က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နောက်ဆုံးမူကြမ်းကို ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖွဲ့စည်းပုံအ‌ခြေခံဥပဒေမူကြမ်းမှာ အခန်း (၁၆)ခန်းပါ၀င်ပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအပြင် ပြည်ထောင်စုဥပဒေပြုရေး၊ ပြည်ထောင်စုအုပ်ချုပ်ရေး၊ ပြည်ထောင်စုတရားစီရင်ရေးနဲ့ အထွေထွေပြဋ္ဌာန်းချက်တွေ ပါ၀င်ပါတယ်။

ဒီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံကို ပြည်ထောင်စုရဲ့ စံတန်ဖိုးတွေ၊ အခြေခံမူတွေနဲ့ ထာ၀ရအဓွန့်ရှည်တည်တံ့ခိုင်မြဲမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်လိုတာကြောင့် ရေးဆွဲပြဋ္ဌာန်းတာလို့ ဖော်ပြထားပါတယ်။

PRCF အနေနဲ့ ဖက်ဒရယ်စနစ်ကသာ ပြည်ထောင်စုရဲ့ အရင်းခံပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှာလို့ ယုံကြည်တာကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ယုံကြည်လက်ခံကျင့်သုံးမယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆုံးမူကြမ်းမှာ ပြည်ထောင်စုအဖွဲ့၀င်ပြည်နယ်တွေနဲ့ ပြည်ထောင်စုနယ်မြေတွေကို သတ်မှတ်ထားကာ ဖက်ဒရယ်လွှတ်တော်က ပြဋ္ဌာန်းပေးရမယ်လို့ ‌ဆိုပါတယ်။

ပြည်ထောင်စုအဖွဲ့၀င်ပြည်နယ်တွေအနေနဲ့ နိုင်ငံခြားတိုင်းတပါးနဲ့ စစ်ရေးမဟာမိတ်ပြုတာ၊ စစ်ဖက်ဆိုင်ရာ သဘောတူညီချက်ရယူတာ၊ ပဋိညာဉ်ပြုတာ၊ စာချုပ်ချုပ်ဆိုတာ၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို စစ်ကြေညာတာအပြင် ပြည်နယ်ထဲ သီးခြားသုံးစွဲဖို့ ငွေကြေးစနစ်၊ ငွေစက္ကူနဲ့ ငွေဒင်္ဂါးထုတ်လုပ်တဲ့ အာဏာတွေကို ကျင့်သုံးခွင့်မရှိဘူးလို့ ထည့်သွင်းထားပါတယ်။

အခုဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်နဲ့ ပင်လုံမူတို့အပေါ် အခြေခံပြီး ၁၉၆၁ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံမှာ ချမှတ်အတည်ပြုခဲ့တဲ့ ပြည်ထောင်စုစစ်စစ်မူကို အခြေခံတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို