နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ရုရှားစစ်တပ် သိမ်းပိုက်ထားသောနယ်မြေတွင် အမေရိကန် Starlink ကို အသုံးပြုနေကြောင်း ယူကရိန်းအာဏာပိုင်များ အတည်ပြု

ဖေဖော်ဝါရီလ (၁၂) ရက်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk နယ်မြေရှိ သိမ်းပိုက်ထားသော နယ်မြေတွင် SpaceX ၏ Starlink ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ရုရှားစစ်တပ်က အသုံးပြုနေကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက ဖေဖော်ဝါရီလ (၁၀) ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဒေသတွင်းတွင် တပ်စွဲထားသည့် ရုရှားစစ်တပ်၏ လေတပ်တပ်ရင်း (၈၃) နှင့် အင်တာနက်သို့ ချိတ်ဆက်ရန်အတွက် Starlink များကို အသုံးပြုထားကြောင်း အေဂျင်စီမှ ကြားဖြတ်နားထောင်မှုများ ပြုလုပ်ခဲ့ပြီး အတည်ပြုနိုင်ခဲ့သည်ဟု ဆိုပါသည်။

SpaceX သည် ရုရှားအစိုးရ သို့မဟုတ် စစ်တပ်နှင့် ပတ်သက်ခြင်းမရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။ တားမြစ်ထားသော ပစ်မှတ် သို့မဟုတ် စက်ပစ္စည်း၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုသူရှိနေကြောင်း သတင်းရရှိပါက စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး အတည်ပြုပါက စက်ပစ္စည်းကို ပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Starlink ဝန်ဆောင်မှုများကို ရုရှားပိုင်နက်တွင် အသုံးမပြုနိုင်ဟုလည်း ရှင်းပြထားသော်လည်း ၎င်းကို ယူကရိန်းဘက်ခြမ်းရှိ ရုရှားသိမ်းပိုက်ထားသော နယ်မြေတွင် အသုံးပြုနိုင်ခြင်း ရှိမရှိကိုမူ ပြောဆိုခဲ့ခြင်းမရှိပါ။

Starlink သည် ယူကရိန်းစစ်တပ်အတွက် ဆက်သွယ်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာန၏ ထောက်လှမ်းရေး အကြီးအကဲ အကြီးအကဲ Budanov က Starlink ကို မျက်နှာစာအားလုံးတွင် အသုံးပြုနေကြောင်း ယမန်နှစ်က ပြောကြားခဲ့သည်။

စစ်မြေပြင်တွင် Starlink ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ Space ကို ဦးစီးသည့် စီးပွားရေးလုပ်ငန်းရှင် Elon Musk က သူ၏ အတ္ထုပ္ပတ္တိတွင် ဆက်သွယ်ရေးကွန်ရက်များကို ဖြတ်တောက်ရန် လျှို့ဝှက်ညွှန်ကြားချက်များပေးထားကြောင်း ရေးသားထားခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ယူကရိန်းစစ်တပ်၏ မောင်းသူမဲ့ ရေငုပ်သင်္ဘောသည် ရုရှားရေတပ်အနီးသို့ ချဉ်းကပ်လာစဉ် အဆက်ပြတ်သွားကာ ရေထဲမျောပါသွားခဲ့သည်။

၎င်း၏အတ္ထုပ္ပတ္တိအရ Musk သည် ယူကရိန်း၏ နျူကလီးယားလက်နက်ဖြင့် ရုရှား၏တိုက်ခိုက်မှုကို လက်တုံ့ပြန်မည့်အန္တရာယ်ရှိကြောင်း ရုရှားအကြီးတန်းအရာရှိများနှင့် ပြောဆိုမှုများမှတစ်ဆင့်ဆုံးဖြတ်ခဲ့ပြီး တိုက်ခိုက်မှုကို ဟန့်တားရန် အမိန့်ပေးခဲ့သည်ဟု ရေးသားထားသည်။

ရှေ့တန်းတွင် အင်တာနက်ချိတ်ဆက်မှုအတွက် Starlink စနစ်ကို အသုံးပြုနေစဉ်/ဒီဇင်ဘာ 28 ရက်၊ 2023၊ Donetsk ဒေသ/Pierre Crom/Getty Images/File

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 33 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ