နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

နေတန်ယာဟုသည် ဆက်လက်ကျူးကျော်ရန် ပြင်ဆင်နေပြီး ဘိုင်ဒင်၏ဝေဖန်မှုကို တုံ့ပြန်

မတ်လ (၁၂) ရက်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်ပိုင်း ဂါဇာကမ်းမြှောင်ရှိ ရာဖာကို ကျူးကျော်ဖို့ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မတ်လ (၁၁) ရက်နေ့မှာ ထပ်လောင်းပြောကြားလိုက်ပါတယ်။ မတ်လ ၉ ရက်နေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ အမေရိကန်သမ္မတ ဘိုင်ဒင်ရဲ့ သူ့အပေါ်ဝေဖန်မှုကို သူက တုံ့ပြန်လိုက်ပါတယ်။

MSNBC ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ဘိုင်ဒင်က နေတန်ယာဟုဟာ အစ္စရေးနိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုပေးကြောင်း ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသရှိ စစ်ဆင်မှုတွေမှာ ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျွန်တော်တို့ ပိုမိုအာရုံစိုက်သင့်ပြီး ရာဖာကို ကျူးကျော်ဝင်ရောက်ပါက မျဉ်းနီကို ဖြတ်ကျော်သွားမှာဖြစ်ကြောင်း ဘိုင်ဒင်က သတိပေးခဲ့ပါတယ်။

အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ နေတန်ယာဟုက အမေရိကန်နိုင်ငံရေးသတင်းဝက်ဘ်ဆိုက် Politico နဲ့ ဂျာမန်သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နေတန်ယာဟုက “ ဘိုင်ဒင် ဘာတွေပြောလိုတာလဲဆိုတာတော့ ကျွန်တော်မသိပေမဲ့ ကျွန်တော်က အစ္စရေးပြည်သူအများစုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ကျွန်တော်ရဲ့ ပုဂ္ဂလိကမူဝါဒကို တွန်းအားပေးလုပ်ဆောင်နေပြီး အဲ့ဒါက နိုင်ငံရဲ့အကျိုးကို ဆုံးရှုံးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုရင်တော့ အဲ့ဒါ မှားနေတယ်” လို့ နေတန်ယာဟုက ပြောခဲ့ပါတယ်။

ရာဖာကို ကျူးကျော်ရန် ရည်ရွယ်ချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပြီး အနီရောင်လိုင်းဆိုတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဟားမတ်စ်တို့ရဲ့ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုမျိုး ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ ဒါကို အောင်မြင်ဖို့အတွက် ဟားမတ်စ်ရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေကို ချေမှုန်းပစ်ဖို့ ကျွန်တော်တို့ ပြီးအောင် လုပ်ရမှာပါ” လို့ သူက ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက အဲ့ဒီ ကျူးကျော်တိုက်ခိုက်မှုဟာ နှစ်လကျော်မှာ မဟုတ်ဘူးလို့ ဆိုထားပေမယ့် တိကျတဲ့ ရက်စွဲကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိပါဘူး။

မတ်လ (၁၁) ရက်နေ့မှာ ကျရောက်မယ့် ဥပုသ်လမစတင်မီမှာ ရာဖာမြို့ကို အစ္စရေးစစ်တပ်က ချက်ချင်း ကျူးကျော်ဝင်ရောက်လာမှာကို ကြိုမြင်ထားတာမရှိဘူးလို့ အမေရိကန်အရာရှိတွေက မတ်လ (၁၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်က ကျူးကျော်မှု မတိုင်မီ အရပ်သားတွေ ဘေးကင်းစေရန်အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အစီအစဉ်ကို အခုအချိန်အထိ မတင်ပြရသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်