နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွယ်ဂျယ်မှာ စစ်ကောင်စီထံကနေ ကျပ်သိန်းပေါင်း (၅၃၀၀၀)ကျော်ရရှိခဲ့တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

ဧပြီလ (၁၂)ရက်။

လွယ်ဂျယ်မြို့မှာ စစ်ကောင်စီရဲ့ ခလရ(၁၄၂)စခန်းကနေ ငွေကျပ်သိန်းပေါင်း (၅၃၅၈၂၀၀၀၀၀)ရရှိခဲ့တယ်လို့ KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

တိုက်ပွဲကနေ ရရှိလာတဲ့ ငွေကြေးနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဘဏ္ဍာရေးဌာနကို အပ်နှံခဲ့တယ်လို့ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ သတ်မှတ်ချက်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အောင်ပွဲဆိုတာမှာ အားလုံးစုပေါင်းလုပ်ဆောင်တာရဲ့ ရလဒ်ဖြစ်တာကြောင့် အများနဲ့သက်ဆိုင်တာကို KIO ဘဏ္ဍာရေးဌာနရဲ့ စည်းမျဉ်းအမှတ်(၆၄)မှာ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် သတ်မှတ်စည်းမျဉ်းတွေအတိုင်း လွယ်ဂျယ်မြို့က ရရှိလာတဲ့ ကျပ်ငွေသိန်းပေါင်း (၅၃၀၀၀)ကျော်ကို တပ်မဟာ(၃) တပ်မဟာမှူးက အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနကို စာရင်းသွင်းပေးအပ်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဘဏ္ဍာရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အခြားအကြောင်းအရာတွေကို ထပ်မံရေးသားဖော်ပြသွားမယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၁၄၂)ထံကနေ KIA ရရှိခဲ့တဲ့ ငွေကြေးတွေဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းက ဝင်ငွေတွေဖြစ်ကာ အစိုးရအဖွဲ့ဆီ မအပ်နှံဘဲ တပ်ထဲမှာ သိုလှောင်ထားတာဖြစ်နိုင်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 15 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 21 Views
ဇန်နဝါရီလ (၇)ရက်။ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 21 Views
တွေ့ဆုံပွဲသတင်းထဲ ရွေးကောက်ပွဲပထမပိုင်းကျင်းပခဲ့တဲ့ နေ့ရက်ကို စစ်တပ်က မှားယွင်းထုတ်ပြန် ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လည်ပိုင်းအချိန်က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ‌တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအနေနဲ့
မြန်မာသတင်း

‌စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်တွေပါတဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 21 Views
ဇန်နဝါရီလ (၇)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က မြို့သစ်မြို့ ရွှေပန်းရွာအနီးမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ Naypyitaw-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေပန်းရွာအနီး ကန်ပြားလမ်းပိုင်းတနေရာမှာ စစ်တပ်ရဲ့ ကား(၄)စီးပါယာဉ်တန်းကို
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 34 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ပေါက်ကန်ဘူတာရွာကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ (၉)နာရီ (၄၇)မိနစ်မှာ တကြိမ်၊
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 28 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 31 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး
မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 28 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့