ဇူလိုင်လ (၁၂)ရက်။
မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကနေ လက်နက်ခဲအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မတ္တရာမြို့ Alpha ဘိလပ်မြေစက်ရုံက စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်းကို နယ်မြေရှင်းလင်းရာမှာ လက်နက်ငယ် (၁၂)လက်ခန့်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းကနေ ထွက်ပြေးသွားတဲ့ ရဲမေတစ်ဦးရဲ့ နေအိမ်ကနေ ခြောက်လုံးပျူးသေနတ်တစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။
MDY-PDF အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။





