နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

သတိရှိရှိနဲ့ တိုက်ပွဲဝင်ကြဖို့ ကရင်အမျိုးသားအာဇာနည်နေ့မှာ KNLA တိုက်တွန်း

ဩဂုတ်လ (၁၂)ရက်။

မဆုံးသေးတဲ့ ခရီးလမ်းတာ၀န်ကို မမေ့လျော့ဘဲ သတိရှိရှိနဲ့ တိုက်ပွဲ၀င်ကြဖို့ KNLA ရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၇၄)ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

ခေါင်းဆောင် စောဘဦးကြီးနဲ့တကွ အာဇာနည်ပီပီ အသက်စွန့်ခဲ့ကြတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ ပြည်သူတွေရဲ့ ခရီးလမ်း မဆုံးသေးသလို လက်ဆင့်ကမ်းသမိုင်းပေးတာ၀န်အနေနဲ့ နှစ် (၇၀)ကျော် အနိုင်မခံ အရှုံးမပေးဘဲ တိုက်ပွဲ၀င်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက လက်နက်ကိုင်တိုက်ပွဲ စစ်မျက်နှာကနေ စားပွဲဝိုင်းတိုက်ပွဲ (ခ) အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့ စစ်မျက်နှာဆီကို ရွေ့လျားသွားခဲ့ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်မဖော်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်း ရုပ်လုံးမပေါ်နိုင်ယုံသာမက ပြည်တွင်းစစ်ကသာ အတောမသတ် ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ငိုက်မြည်း မေ့လျော့မနေကြဖို့နဲ့ အမြဲတမ်း သတိရှိရှိနဲ့ တိုက်ပွဲ၀င်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဥက္ကဋ္ဌကြီး စောဘဦးကြီးနဲ့တကွ ခေါင်းဆောင်အဆက်ဆက်က လက်ဆင့်ကမ်း ချမှတ်ပေးထားတဲ့ လမ်းညွှန်တာတွေအပေါ် မားမားမတ်မတ် ရပ်တည်လိုက်နာလုပ်ဆောင်သွားဖို့လဲ ကရင်လူငယ်တွေကို တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနား အခုလို ကျင်းပနိုင်တာက ကရင်လူငယ်တွေနဲ့ ကရင်အမျိုးသားပြည်သူအပေါင်းတို့ရဲ့ ထောက်ခံပံ့ပိုးကူညီတာတွေကြောင့်သာဖြစ်တဲ့အတွက် ကရင်အမျိုးသားအားလုံး ချစ်ကြည်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းဆိုတဲ့ ဖြူစင်သန့်ရှင်းတဲ့၀တ်ရုံကို လူတိုင်းကိုယ်စီခြုံလွှမ်းစေဖို့ သ၀ဏ်လွှာမှာ ဆုမွန်ကောင်းတောင်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို