နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်စနစ်ပြိုလဲဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNU ဥက္ကဋ္ဌပြော

ဩဂုတ်လ (၁၂)ရက်။

အာဏာရှင်စနစ် ပြိုလဲ ဆုံးခန်းတိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒီဝါဒကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး၀င်းရဲ့ (၇၄)နှစ်မြောက် ကရင်အာဇာနည်နေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်တာတွေဟာ အရှိန်အဟုန်ပြင်းထန်လာတာကြောင့် စစ်အုပ်စုဟာ ထိန်းမနိုင်တော့တဲ့အခြေအနေကို ရောက်နေပြီလို့ ဆိုပါတယ်။

စစ်အာဏာရှင် ချုပ်ငြိမ်းကွယ်ပျောက်တော့မယ့် အခြေအနေဖြစ်ပြီး မဟာလူမျိုးကြီးဝါဒ စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင် ပျောက်ပျက်သွားဖို့ ကျရာကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်သွားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအနေနဲ့ တည်ဆောက်ရမယ်လို့ ဖော်ပြထားပါတယ်။

ကရင်လူမျိုးတွေရဲ့သမိုင်းဟာ ကရင်လူမျိုးတွေရဲ့ လက်ထဲမှာပဲရှိပြီး ကရင်လူမျိုးတွေကသာ ကရင့်သမိုင်းကို ကိုယ်တိုင်ရေးရမှာဖြစ်သလို မိမိလူမျိုးရဲ့သမိုင်းကို တန်ဖိုးထား၊ ထိန်းသိမ်းပြီးတော့ ကရင်လူမျိုးကို ကိုယ်တိုင်ဂုဏ်ယူဖော်ပြဖို့နဲ့ ကရင်လူမျိုးတို့ရဲ့သမိုင်းကို ရှင်သန်ရပ်တည်နေတဲ့လူမျိုးဖြစ်တယ်လို့ ရေးသားထားပါတယ်။

ကရင်အမျိုးသားအာဇာနည်တွေရဲ့ အသက်စတေး ပေးဆပ်ခဲ့တဲ့ မျှော်မှန်းချက်တွေကို ပြည့်၀အောင် အကောင်အထည်ဖော်ဖို့နဲ့ ကရင့်တော်လှန်ရေး အောင်မြင်တာကို အာမခံနိုင်ဖို့က ကရင်လူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုအပေါ် မူတည်တယ်လို့ တိုက်တွန်းထားပါတယ်။

အနာဂတ် လှုပ်ရှားတာတွေအတွက် မတူညီခြားနားတာတွေ၊ အမြင်ကွဲလွဲနေတာတွေကို ဘေးဖယ်ချထားပြီး ကရင်အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်စွာနဲ့ ကဏ္ဍနဲ့ နေရာဒေသအသီးသီးမှာ ပါ၀င်ဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 46 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို