နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို စစ်အစိုးရဆိုပြီး သုံးနှုန်းခဲ့တာကို တရုတ်သံရုံး ပြန်လည်ပြင်ဆင်ခဲ့

ဩဂုတ်လ (၁၂)ရက်။

မနေ့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်ချက်ထဲ စစ်ကောင်စီကို စစ်အစိုးရဆိုပြီး သုံးနှုန်းခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၉)ရက်နေ့က ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်လင်းပွဲမှာ AFP သတင်းဌာနက မေးမြန်းထားတာနဲ့ပတ်သက်ပြီး တရုတ်သံရုံးက ထုတ်ပြန်ခဲ့ရာမှာ စစ်ကောင်စီကို စစ်အစိုးရဆိုပြီး သုံးနှုန်းလာခဲ့တာလို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ထဲ စစ်ကောင်စီကို စစ်အစိုးရဆိုပြီး သုံးနှုန်းရေးသားခဲ့ပြီး နာရီပိုင်းအကြာမှာတော့ တရုတ်သံရုံးက ‌ပြင်ဆင်ပြောင်းလဲခဲ့ကာ စစ်အစိုးရဆိုပြီး သုံးနှုန်းခဲ့တဲ့အပေါ် စစ်တပ်ထောက်ခံသူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံအ‌နေနဲ့ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာတာကို အမြဲဂရုပြုနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်ပွဲဖြစ်တာ မမြင်လိုကြောင်းနဲ့ အပစ်အခတ်ရပ်စဲဖို့ ဦးဆောင်ဖျောင်းဖျနေပြီး ပြန်လည်တည်ငြိမ်လာဖို့အပြင် ဆွေးနွေးညှိနှိုင်းတာနဲ့ ပြဿနာကို ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာအရေး ငြိမ်းချမ်းစွာဆွေးနွေးဖို့ တိုက်တွန်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပံ့ပိုးကူညီတာတွေ လုပ်ဆောင်သွားမယ်လို့လဲ ပြောဆိုထားပါသေးတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ တရုတ်နိုင်ငံက ဟိုင်ဂင်ဆွေးနွေးပွဲကို ထပ်မံကျင်းပနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က မတက်ရောက်ခဲ့တဲ့အပေါ် စိတ်ပျက်တာမျိုးတွေရှိနေတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 5 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့
မြန်မာသတင်း

ကြို့ပင်ကောက်မြို့က စစ်ကောင်စီသတင်းပေး ပျုစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 8 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၁၅)မိနစ်ခန့်က ကြို့ပင်ကောက်မြို့မှာ ပျုစောထီးတစ်ဦးဖြစ်တဲ့ ထွန်းမင်းစိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ကြို့ပင်ကောက် နဂါးနီလမ်းမှာနေတာ။ ပြီးတော့
မြန်မာသတင်း

လက်ပံတန်းမြို့ သာယာကုန်းရဲစခန်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 10 Views
နိုဝင်ဘာလ (၂၄)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်က လက်ပံတန်းမြို့၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 7 Views
နိုဝင်ဘာလ (၂၄)ရက်။ အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်  လိပ်ပေါရွာမှာ ပြည်သူတစ်ဦး သေဆုံးခဲ့တာအပါအဝင် ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့
မြန်မာသတင်း

ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသတာအောင်မြင်ခဲ့တယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 6 Views
နိုဝင်ဘာလ (၂၄)ရက်။ ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသနိုင်ဖို့ သုတေသနပြုလုပ်ရာမှာ အောင်မြင်ခဲ့တယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက တိုင်းရင်းဆေးသမားတော်တွေညီလာခံမှာ ပြောဆိုခဲ့တယ်လို့ မနေ့ကထုတ်တဲ့ စစ်ကောင်စီသတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားချိန် တိုင်းရင်းဆေးနဲ့ ကုသနိုင်ဖို့အတွက် တိုင်းရင်းဆေးဖုံ(ဝိသမအဖျားပျောက်ဆေး)ရဲ့ အကျိုးထိရောက်တာကို
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်၊ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 9 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က ည (၁၂)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့ရှိ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 12 Views
နိုဝင်ဘာလ (၂၃)ရက်။ ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ယောအလင်းတန်းကို ပြောဆိုထားချက်အရ သိရပါတယ်။ “ ဟုတ်ပါတယ်။ KKG ရင်း(၄)က lo