ဩဂုတ်လ (၁၂)ရက်။
နောင်ချိုနဲ့ သီပေါမြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ (၁၈)ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နောင်ချိုမြို့ရှိ စစ်ကောင်စီရဲ့ တောင်ခမ်းရွာက အမြောက်တပ်(၉၀၂)အပါအ၀င် မက်မန်းတောကျေးရွာက တပ်မ (၉၉)လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၂၅)တပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
နောင်ချိုမြို့တိုက်ပွဲထဲ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ်အပြင် Y-12 ထောက်ပို့လေယာဉ်နဲ့ (၃)ကြိမ် ဗုံး (၂၀)လုံးအထိ လာရောက်ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သီပေါမြို့က စစ်ကောင်စီရဲ့ ခလရ(၂၁)တပ်စခန်းနေရာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဉ်နဲ့ (၁၂)ကြိမ် ဗုံး(၈၅)လုံး ကြဲချခဲ့သလို သူတို့တပ်ဖွဲ့၀င်တွေအတွက် Y-12 လေယာဉ်နဲ့ (၅)ကြိမ် ထောက်ပို့ပစ္စည်းတွေ ကြဲချခဲ့တယ်လို့ သိရပါတယ်။