နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဩဂုတ်လထဲ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး (၃)ဦးအပါအ၀င် (၄၁)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ MOD ထုတ်ပြန်

စက်တင်ဘာလ (၁၂)ရက်။

ဩဂုတ်လထဲ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး (၃)ဦးအပါအ၀င် စစ်ကောင်စီတပ်သားနဲ့ ရဲ (၄၁)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ (၄၁)ဦးထဲ စစ်ကောင်စီရဲ့ အရာရှိအဆင့် ဒုဗိုလ်မှူးကြီး (၃)ဦး၊ ဗိုလ်မှူး (၂)ဦး၊  ဗိုလ်ကြီး (၂)ဦးနဲ့ ဗိုလ် (၃)ဦးတို့ပါ၀င်ပြီး အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူဘက်ကို ရပ်တည်ကူးပြောင်းလာခဲ့တာလို့ ဆိုပါတယ်။

သူတိုတွေထဲ လက်နက်နဲ့တကွ ခိုလှုံလာသူတွေရှိကာ လက်နက်ယူဆောင်လာသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ‌တွေဆီကနေ လက်နက်မျိုးစုံ (၁၈)လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့ပြီး သူတို့ဟာ NUG ရဲ့ အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ MOD အောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ကာ ခိုလှုံလာခဲ့တာလို့ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်ရဲ့ တယ်လီဂရမ် @MyanmarPeople ကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် PDF၊ ပကဖတွေနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ကိုလဲ MOD က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 0 Views
ဇွန်လ (၁၀)ရက်။ ဇွန်လ (၄)ရက်နေ့က စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-Asho
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၈၀)ပြည့် မွေးနေ့မှာ ပူးပေါင်းပါဝင်ကြဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 0 Views
ဇွန်လ (၁၀)ရက်။ လာမယ့် ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၈၀)ပြည့် မွေးနေ့မှာ လုပ်ငန်းစဉ် (၂)ရပ်ကို
မြန်မာသတင်း

ပုလဲမှာ လေကြောင်းစစ်ကူလာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာတစီးကို PLA ပစ်ချခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 0 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်အချိန်က ပုလဲမြို့မှာ လေကြောင်းစစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပုလဲမြို့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲကို စကစက ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူပေးဖို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစင်းကို PLA က ပစ်ချလို့ ပျက်ကြသွားတယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 21 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်။ ဒီနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁၂:၁၅ မိနစ်အချိန်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က
မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 19 Views
ဇွန်လ (၁၀)ရက်။ မနေ့က နံနက် (၈)နာရီ (၅၀)မိနစ်အချိန် နောင်ချိုမြို့ ပိန္နဲကုန်းနဲ့ ကုန်းကြီးကျေးရွာကြားမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇)လုံး
မြန်မာသတင်း

အခုနှစ်ကုန် မြို့နယ် (၂၆၀)ကျော်မှာ ရွေးကောက်ပွဲကို အပိုင်းခွဲပြီး ကျင်းပဖို့ စစ်ကောင်စီစီစဉ်နေ

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 35 Views
ဇွန်လ (၉)ရက်။ အခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတဝန်းရှိ မြို့နယ် (၃၃၀)ရှိတဲ့အထဲ (၂၆၇)မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာတဲ့အချိန်မှာ နယ်မြေဒေသ လုံခြုံရေးအခြေအနေတွေကြောင့် ကျင်းပနိုင်မယ့်
မြန်မာသတင်း

တအာင်းပြည်ကောင်စီ(TLC) ဖွဲ့စည်းကြောင်း TPCC ထုတ်ပြန်ကြေညာ

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 31 Views
ဇွန်လ (၉)ရက်။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ရဲ့ (၃)ရက်တာ နိုင်ငံရေးထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် တအာင်းပြည်ကောင်စီ(TLC)ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၁)ရက်နေ့ကနေ (၃)ရက်နေ့အထိ TPCC ရဲ့ နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး တအာင်းအမျိုးသားပါတီ(TNP)၊ PSLF/TNLA
မြန်မာသတင်း

ဆီဆိုင်မြို့ရှိ ကျေးရွာအုပ်စု (၂)ခုက ပြည်သူ (၆၀၀၀)ကျော်ကို PNO ပြည်သူ့စစ်အဖွဲ့ မောင်းထုတ်

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 27 Views
ဇွန်လ (၉)ရက်။ ဆီဆိုင်မြို့ရှိ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက ပြည်သူ (၆၀၀၀)ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မောင်းထုတ်‌နေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ကျောကျေးရွာအုပ်စုရှိ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊