နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

+++++++++++++++++++

ABC သတင်းဌာနက အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ရီပက်ဘလီကန်ရဲ့ သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်တို့ရဲ့ စကားစစ်ထိုးပွဲဟာ ပြင်းထန်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းကျင်းပမယ့် အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲအတွက် သူတို့ နှစ်ဦးစလုံး အပြင်းအထန် စကားစစ်ထိုးခဲ့ကြတာပါ။

စကားစစ်ထိုးပွဲမှာ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေအပေါ် အပြန်အလှန် စစ်ထိုးခဲ့ကြပြီး မူဝါဒပိုင်းဆိုင်ရာအသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ကြခြင်းမရှိပါဘူး။ စကားစစ်ထိုးပွဲရဲ့ အချိန်တော်တော်များများမှာ ကာမယ်လာဟဲရစ်က ဒေါ်နယ်ထရန့်ကို သမ္မတရာထူးနဲ့ သင့်လျော်သူမဟုတ်ဘူးဆိုတာကို ထိုးနှက်ပြောဆိုခဲ့တဲ့အတွက် ဒေါ်နယ်ထရန့်က အဲဒီအချက်တွေအပေါ် ကာကွယ်ပြောဆိုနေခဲ့ရပါတယ်။

ကာမယ်လာဟဲရစ်က ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးတွေဟာ ပျင်းရိငြီးငွေ့စရာကောင်းလွန်းလို့ ပရိသတ်တွေ အစောကြီးအိမ်ပြန်ခဲ့ကြရတာကို ဝေဖန်ထိုးနှက်ခဲ့ရာမှာ ဒေါ်နယ်ထရန့်က ပရိသတ် အနည်းအကျင်းသာရှိတဲ့ ဟဲရစ်ရဲ့ မဲဆွယ် စည်းရုံးရေးပွဲတွေကို ပြန်လည် ထောက်ပြခဲ့ပါတယ်။

“ ကြီးမားတဲ့စည်းရုံးရေးပွဲတွေကို ကျုပ်တို့ လုပ်နိုင်ခဲ့တယ်။ နိုင်ငံရေးသမိုင်းမှာ မယုံနိုင်ငစရာအကောင်းဆုံး အစည်းအဝေးပွဲတွေလည်း ရှိခဲ့တယ်”

ဒေါ်နယ်ထရန့်က အီလီနွိုက်ပြည်နယ်က စပရင်းဖီးလ်မှာ ရွှေ့ပြောင်းအခြေချလာသူတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ရှိနေတယ်လို့ စကားစစ်ထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

“စပရင်းဖီးလ်မှာ ခိုးဝင်လာတဲ့လူတွေက ကြောင်တွေကို စားတယ် ၊ ခွေးတွေကို စားတယ်၊ အဲဒီမှာနေတဲ့လူတွေရဲ့ အိမ်တွေက အိမ်မွေးတိရိစ္တာန်တွေကိုလည်း စားတယ်။ အဲဒီလို အဖြစ်အပျက်မျိုး ကျုပ်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ရှက်စရာကောင်းပါတယ်”

“ အဲဒါ အရမ်းအစွန်းရောက်သွားပြီ”

အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ၈ ပတ်ခန့်သာ လိုတော့တဲ့အချိန်မှာ အချို့သောပြည်နယ်တွေမှာတော့ စောစောစီးစီး မဲပေးရမယ့်အချိန်က ရက်ပိုင်းလောက်သာ လိုပါတော့တယ်။ ဒါကြောင့် အခုစကားစစ်ထိုးပွဲဟာ သမ္မတလောင်းတွေအတွက် သူတို့ရဲ့ သဘောထားဘယ်လိုရှိတယ်ဆိုတာကို မဲဆန္ဒရှင် သန်းပေါင်းများစွာကို ချပြဖို့ အကောင်းဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။

သဘောထားစစ်တမ်းကောက်ယူမှုတွေအရတော့ မဲဆန္ဒရှင် ၈ ပုံ ၁ ကျော်ကျော်လောက်က ဒီမိုကရက်သမ္မတလောင်း ကယ်မယ်လာဟဲရစ်အကြောင်း ကောင်းကောင်း မသိကြသေးဘူးလို့ ဆိုပါတယ်။ ကယ်မယ်လာဟဲရစ်ဟာ သမ္မတဂျိုးဘိုင်ဒန် နုတ်ထွက်ပြီး လွန်ခဲ့တဲ့ ၇ ပတ်ကမှ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဖြစ်လာခဲ့တာပါ။

ကာမယ်လာဟားရစ်ဟာ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ကန့်သတ်ခံထားရတာကို ကာလရှည်ကြာ ဝေဖန်လာခဲ့သူဖြစ်ုလို့ မူ၀ဒါပိုင်းဆိုင်ရာချဉ်းကပ်မှုမေးခွန်းထုတ်စရာတွေလည်း ရှိနေပြီး ဒါက အခုရွေးကောက်ပွဲရဲ့ အဓိကကျတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

2022 ခုနှစ်မှာ အမေရိကန်တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့်ကို ပယ်ဖျက်လိုက်ပြီးတဲ့နောက် တစ်နိုင်ငံလုံးမှာ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ပိတ်ပင်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ အဲဒီလိုပိတ်ပင်မှုတွေကြောင့် ပြစ်မှုကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ဝန်ကိုတောင် ဖျက်ချခွင့်မရသလို အရေးပေါ် ပြုစုစောက်ရှောက်ခွင့်လည်း ငြင်းပယ်ခံလာကြရပါတယ်။

“ဒေါ်နယ်ထရန့်ဟာ မုဒိန်းမှုကျူလွန်ခံရသူတွေ၊ ရာဇဝတ်မှုတစ်ခုကြောင့် အသက်ရှင်ကျန်ခဲ့သူတွေကိုတောင် ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကိုယ့်ခန္ဓာကိုယ် အကြမ်းဖက်ခံရတာတောင်မှ အမျိုးသမီးတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိကြဘူး။ ဒါက အကျင့်ပျက် ယုတ်မာမှုတစ်ခုပါပဲ”

စကားစစ်ထိုးပွဲမှာ သမ္မတလောင်းနှစ်ဦးဟာ ကာမယ်လာဟဲရစ်ရဲ့ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့လည်း ငြင်းခုန်ခဲ့ကြပါသေးတယ်။ ပွဲထိန်းသူက ဇူလိုင်လအတွင်း လူမည်းဂျာနယ်လစ်တစ်ဦးကို ကာမယ်လာဟဲရစ် လူမည်းဖြစ်သွားပြီလို့ ဒေါ်နယ်ထရန့် ပြောဆိုခဲ့တဲ့အပေါ် မေးမြန်းခဲ့တဲ့အခါမှာ . . .

“သူ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ အဆင်ပြေပါတယ်။ ကျန်တာတော့ ကျုပ်မသိဘူး။ သူပြောတာတော့ သူ လူမည်းမဟုတ်ဘူးတဲ့၊ ကျုပ်ဖတ်လိုက်ရတာတော့ လူမဲတဲ့၊ ဘာပဲဖြစ်ဖြစ်၊ သူ့သဘောပါပဲ”

“ ရိုးရိုးသားသားပြောရရင် အမေရိကန်ပြည်သူတွေကို လူမျိုးရေးခွဲခြားချင်တဲ့သူက သမ္မတဖြစ်ချင်နေတာ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ကျမမြင်ပါတယ်”

နယူးယော့ခ်တိုင်းသတင်းစာက ပြုစုထားတဲ့ စာရင်းတွေအရတော့ အမေရိကန်သမ္မတလောင်းနှစ်ယောက်ဟာ ပြည်နယ် ၇ ခုမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ စကားစစ်ထိုးပွဲအတွင်း အွန်လိုင်းစျေးကွက်ခန့်မှန်းတွေအရ ဒေါ်နယ်ထရန့်ဟာ လူကြိုက်များမှု 52 ရာခိုင်နှုန်းကနေ 47 ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဟဲရစ်ကတော့ လူကြိုက်များမှု 53 ရာခိုင်နှုန်းကနေ 55 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

စကားစစ်ထိုးပွဲအပြီးမှာပဲ အင်စတာဂရမ်ဖော်လိုဝါ 283 သန်းရှိတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဇ်က သူ့အနေနဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်ကို ထောက်ခံမယ်လို့ အတိအလင်းရေးသားကြေညာခဲ့ပါတယ်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 27 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 35 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်