နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

+++++++++++++++++++

ABC သတင်းဌာနက အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ရီပက်ဘလီကန်ရဲ့ သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်တို့ရဲ့ စကားစစ်ထိုးပွဲဟာ ပြင်းထန်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းကျင်းပမယ့် အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲအတွက် သူတို့ နှစ်ဦးစလုံး အပြင်းအထန် စကားစစ်ထိုးခဲ့ကြတာပါ။

စကားစစ်ထိုးပွဲမှာ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေအပေါ် အပြန်အလှန် စစ်ထိုးခဲ့ကြပြီး မူဝါဒပိုင်းဆိုင်ရာအသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ကြခြင်းမရှိပါဘူး။ စကားစစ်ထိုးပွဲရဲ့ အချိန်တော်တော်များများမှာ ကာမယ်လာဟဲရစ်က ဒေါ်နယ်ထရန့်ကို သမ္မတရာထူးနဲ့ သင့်လျော်သူမဟုတ်ဘူးဆိုတာကို ထိုးနှက်ပြောဆိုခဲ့တဲ့အတွက် ဒေါ်နယ်ထရန့်က အဲဒီအချက်တွေအပေါ် ကာကွယ်ပြောဆိုနေခဲ့ရပါတယ်။

ကာမယ်လာဟဲရစ်က ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးတွေဟာ ပျင်းရိငြီးငွေ့စရာကောင်းလွန်းလို့ ပရိသတ်တွေ အစောကြီးအိမ်ပြန်ခဲ့ကြရတာကို ဝေဖန်ထိုးနှက်ခဲ့ရာမှာ ဒေါ်နယ်ထရန့်က ပရိသတ် အနည်းအကျင်းသာရှိတဲ့ ဟဲရစ်ရဲ့ မဲဆွယ် စည်းရုံးရေးပွဲတွေကို ပြန်လည် ထောက်ပြခဲ့ပါတယ်။

“ ကြီးမားတဲ့စည်းရုံးရေးပွဲတွေကို ကျုပ်တို့ လုပ်နိုင်ခဲ့တယ်။ နိုင်ငံရေးသမိုင်းမှာ မယုံနိုင်ငစရာအကောင်းဆုံး အစည်းအဝေးပွဲတွေလည်း ရှိခဲ့တယ်”

ဒေါ်နယ်ထရန့်က အီလီနွိုက်ပြည်နယ်က စပရင်းဖီးလ်မှာ ရွှေ့ပြောင်းအခြေချလာသူတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ရှိနေတယ်လို့ စကားစစ်ထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

“စပရင်းဖီးလ်မှာ ခိုးဝင်လာတဲ့လူတွေက ကြောင်တွေကို စားတယ် ၊ ခွေးတွေကို စားတယ်၊ အဲဒီမှာနေတဲ့လူတွေရဲ့ အိမ်တွေက အိမ်မွေးတိရိစ္တာန်တွေကိုလည်း စားတယ်။ အဲဒီလို အဖြစ်အပျက်မျိုး ကျုပ်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ရှက်စရာကောင်းပါတယ်”

“ အဲဒါ အရမ်းအစွန်းရောက်သွားပြီ”

အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ၈ ပတ်ခန့်သာ လိုတော့တဲ့အချိန်မှာ အချို့သောပြည်နယ်တွေမှာတော့ စောစောစီးစီး မဲပေးရမယ့်အချိန်က ရက်ပိုင်းလောက်သာ လိုပါတော့တယ်။ ဒါကြောင့် အခုစကားစစ်ထိုးပွဲဟာ သမ္မတလောင်းတွေအတွက် သူတို့ရဲ့ သဘောထားဘယ်လိုရှိတယ်ဆိုတာကို မဲဆန္ဒရှင် သန်းပေါင်းများစွာကို ချပြဖို့ အကောင်းဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။

သဘောထားစစ်တမ်းကောက်ယူမှုတွေအရတော့ မဲဆန္ဒရှင် ၈ ပုံ ၁ ကျော်ကျော်လောက်က ဒီမိုကရက်သမ္မတလောင်း ကယ်မယ်လာဟဲရစ်အကြောင်း ကောင်းကောင်း မသိကြသေးဘူးလို့ ဆိုပါတယ်။ ကယ်မယ်လာဟဲရစ်ဟာ သမ္မတဂျိုးဘိုင်ဒန် နုတ်ထွက်ပြီး လွန်ခဲ့တဲ့ ၇ ပတ်ကမှ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဖြစ်လာခဲ့တာပါ။

ကာမယ်လာဟားရစ်ဟာ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ကန့်သတ်ခံထားရတာကို ကာလရှည်ကြာ ဝေဖန်လာခဲ့သူဖြစ်ုလို့ မူ၀ဒါပိုင်းဆိုင်ရာချဉ်းကပ်မှုမေးခွန်းထုတ်စရာတွေလည်း ရှိနေပြီး ဒါက အခုရွေးကောက်ပွဲရဲ့ အဓိကကျတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

2022 ခုနှစ်မှာ အမေရိကန်တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့်ကို ပယ်ဖျက်လိုက်ပြီးတဲ့နောက် တစ်နိုင်ငံလုံးမှာ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ပိတ်ပင်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ အဲဒီလိုပိတ်ပင်မှုတွေကြောင့် ပြစ်မှုကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ဝန်ကိုတောင် ဖျက်ချခွင့်မရသလို အရေးပေါ် ပြုစုစောက်ရှောက်ခွင့်လည်း ငြင်းပယ်ခံလာကြရပါတယ်။

“ဒေါ်နယ်ထရန့်ဟာ မုဒိန်းမှုကျူလွန်ခံရသူတွေ၊ ရာဇဝတ်မှုတစ်ခုကြောင့် အသက်ရှင်ကျန်ခဲ့သူတွေကိုတောင် ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကိုယ့်ခန္ဓာကိုယ် အကြမ်းဖက်ခံရတာတောင်မှ အမျိုးသမီးတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိကြဘူး။ ဒါက အကျင့်ပျက် ယုတ်မာမှုတစ်ခုပါပဲ”

စကားစစ်ထိုးပွဲမှာ သမ္မတလောင်းနှစ်ဦးဟာ ကာမယ်လာဟဲရစ်ရဲ့ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့လည်း ငြင်းခုန်ခဲ့ကြပါသေးတယ်။ ပွဲထိန်းသူက ဇူလိုင်လအတွင်း လူမည်းဂျာနယ်လစ်တစ်ဦးကို ကာမယ်လာဟဲရစ် လူမည်းဖြစ်သွားပြီလို့ ဒေါ်နယ်ထရန့် ပြောဆိုခဲ့တဲ့အပေါ် မေးမြန်းခဲ့တဲ့အခါမှာ . . .

“သူ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ အဆင်ပြေပါတယ်။ ကျန်တာတော့ ကျုပ်မသိဘူး။ သူပြောတာတော့ သူ လူမည်းမဟုတ်ဘူးတဲ့၊ ကျုပ်ဖတ်လိုက်ရတာတော့ လူမဲတဲ့၊ ဘာပဲဖြစ်ဖြစ်၊ သူ့သဘောပါပဲ”

“ ရိုးရိုးသားသားပြောရရင် အမေရိကန်ပြည်သူတွေကို လူမျိုးရေးခွဲခြားချင်တဲ့သူက သမ္မတဖြစ်ချင်နေတာ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ကျမမြင်ပါတယ်”

နယူးယော့ခ်တိုင်းသတင်းစာက ပြုစုထားတဲ့ စာရင်းတွေအရတော့ အမေရိကန်သမ္မတလောင်းနှစ်ယောက်ဟာ ပြည်နယ် ၇ ခုမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ စကားစစ်ထိုးပွဲအတွင်း အွန်လိုင်းစျေးကွက်ခန့်မှန်းတွေအရ ဒေါ်နယ်ထရန့်ဟာ လူကြိုက်များမှု 52 ရာခိုင်နှုန်းကနေ 47 ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဟဲရစ်ကတော့ လူကြိုက်များမှု 53 ရာခိုင်နှုန်းကနေ 55 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

စကားစစ်ထိုးပွဲအပြီးမှာပဲ အင်စတာဂရမ်ဖော်လိုဝါ 283 သန်းရှိတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဇ်က သူ့အနေနဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်ကို ထောက်ခံမယ်လို့ အတိအလင်းရေးသားကြေညာခဲ့ပါတယ်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက