နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

ပြင်းပြင်းထန်ထန် စကားစစ်ထိုးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကာမယ်လာဟဲရစ်

+++++++++++++++++++

ABC သတင်းဌာနက အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ ရီပက်ဘလီကန်ရဲ့ သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်တို့ရဲ့ စကားစစ်ထိုးပွဲဟာ ပြင်းထန်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းကျင်းပမယ့် အမေရိကန်သမ္မတသစ်ရွေးကောက်ပွဲအတွက် သူတို့ နှစ်ဦးစလုံး အပြင်းအထန် စကားစစ်ထိုးခဲ့ကြတာပါ။

စကားစစ်ထိုးပွဲမှာ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေအပေါ် အပြန်အလှန် စစ်ထိုးခဲ့ကြပြီး မူဝါဒပိုင်းဆိုင်ရာအသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ကြခြင်းမရှိပါဘူး။ စကားစစ်ထိုးပွဲရဲ့ အချိန်တော်တော်များများမှာ ကာမယ်လာဟဲရစ်က ဒေါ်နယ်ထရန့်ကို သမ္မတရာထူးနဲ့ သင့်လျော်သူမဟုတ်ဘူးဆိုတာကို ထိုးနှက်ပြောဆိုခဲ့တဲ့အတွက် ဒေါ်နယ်ထရန့်က အဲဒီအချက်တွေအပေါ် ကာကွယ်ပြောဆိုနေခဲ့ရပါတယ်။

ကာမယ်လာဟဲရစ်က ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးတွေဟာ ပျင်းရိငြီးငွေ့စရာကောင်းလွန်းလို့ ပရိသတ်တွေ အစောကြီးအိမ်ပြန်ခဲ့ကြရတာကို ဝေဖန်ထိုးနှက်ခဲ့ရာမှာ ဒေါ်နယ်ထရန့်က ပရိသတ် အနည်းအကျင်းသာရှိတဲ့ ဟဲရစ်ရဲ့ မဲဆွယ် စည်းရုံးရေးပွဲတွေကို ပြန်လည် ထောက်ပြခဲ့ပါတယ်။

“ ကြီးမားတဲ့စည်းရုံးရေးပွဲတွေကို ကျုပ်တို့ လုပ်နိုင်ခဲ့တယ်။ နိုင်ငံရေးသမိုင်းမှာ မယုံနိုင်ငစရာအကောင်းဆုံး အစည်းအဝေးပွဲတွေလည်း ရှိခဲ့တယ်”

ဒေါ်နယ်ထရန့်က အီလီနွိုက်ပြည်နယ်က စပရင်းဖီးလ်မှာ ရွှေ့ပြောင်းအခြေချလာသူတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ရှိနေတယ်လို့ စကားစစ်ထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

“စပရင်းဖီးလ်မှာ ခိုးဝင်လာတဲ့လူတွေက ကြောင်တွေကို စားတယ် ၊ ခွေးတွေကို စားတယ်၊ အဲဒီမှာနေတဲ့လူတွေရဲ့ အိမ်တွေက အိမ်မွေးတိရိစ္တာန်တွေကိုလည်း စားတယ်။ အဲဒီလို အဖြစ်အပျက်မျိုး ကျုပ်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ရှက်စရာကောင်းပါတယ်”

“ အဲဒါ အရမ်းအစွန်းရောက်သွားပြီ”

အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ၈ ပတ်ခန့်သာ လိုတော့တဲ့အချိန်မှာ အချို့သောပြည်နယ်တွေမှာတော့ စောစောစီးစီး မဲပေးရမယ့်အချိန်က ရက်ပိုင်းလောက်သာ လိုပါတော့တယ်။ ဒါကြောင့် အခုစကားစစ်ထိုးပွဲဟာ သမ္မတလောင်းတွေအတွက် သူတို့ရဲ့ သဘောထားဘယ်လိုရှိတယ်ဆိုတာကို မဲဆန္ဒရှင် သန်းပေါင်းများစွာကို ချပြဖို့ အကောင်းဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။

သဘောထားစစ်တမ်းကောက်ယူမှုတွေအရတော့ မဲဆန္ဒရှင် ၈ ပုံ ၁ ကျော်ကျော်လောက်က ဒီမိုကရက်သမ္မတလောင်း ကယ်မယ်လာဟဲရစ်အကြောင်း ကောင်းကောင်း မသိကြသေးဘူးလို့ ဆိုပါတယ်။ ကယ်မယ်လာဟဲရစ်ဟာ သမ္မတဂျိုးဘိုင်ဒန် နုတ်ထွက်ပြီး လွန်ခဲ့တဲ့ ၇ ပတ်ကမှ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဖြစ်လာခဲ့တာပါ။

ကာမယ်လာဟားရစ်ဟာ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ကန့်သတ်ခံထားရတာကို ကာလရှည်ကြာ ဝေဖန်လာခဲ့သူဖြစ်ုလို့ မူ၀ဒါပိုင်းဆိုင်ရာချဉ်းကပ်မှုမေးခွန်းထုတ်စရာတွေလည်း ရှိနေပြီး ဒါက အခုရွေးကောက်ပွဲရဲ့ အဓိကကျတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

2022 ခုနှစ်မှာ အမေရိကန်တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့်ကို ပယ်ဖျက်လိုက်ပြီးတဲ့နောက် တစ်နိုင်ငံလုံးမှာ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ပိတ်ပင်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ အဲဒီလိုပိတ်ပင်မှုတွေကြောင့် ပြစ်မှုကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ဝန်ကိုတောင် ဖျက်ချခွင့်မရသလို အရေးပေါ် ပြုစုစောက်ရှောက်ခွင့်လည်း ငြင်းပယ်ခံလာကြရပါတယ်။

“ဒေါ်နယ်ထရန့်ဟာ မုဒိန်းမှုကျူလွန်ခံရသူတွေ၊ ရာဇဝတ်မှုတစ်ခုကြောင့် အသက်ရှင်ကျန်ခဲ့သူတွေကိုတောင် ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကိုယ့်ခန္ဓာကိုယ် အကြမ်းဖက်ခံရတာတောင်မှ အမျိုးသမီးတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိကြဘူး။ ဒါက အကျင့်ပျက် ယုတ်မာမှုတစ်ခုပါပဲ”

စကားစစ်ထိုးပွဲမှာ သမ္မတလောင်းနှစ်ဦးဟာ ကာမယ်လာဟဲရစ်ရဲ့ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့လည်း ငြင်းခုန်ခဲ့ကြပါသေးတယ်။ ပွဲထိန်းသူက ဇူလိုင်လအတွင်း လူမည်းဂျာနယ်လစ်တစ်ဦးကို ကာမယ်လာဟဲရစ် လူမည်းဖြစ်သွားပြီလို့ ဒေါ်နယ်ထရန့် ပြောဆိုခဲ့တဲ့အပေါ် မေးမြန်းခဲ့တဲ့အခါမှာ . . .

“သူ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ အဆင်ပြေပါတယ်။ ကျန်တာတော့ ကျုပ်မသိဘူး။ သူပြောတာတော့ သူ လူမည်းမဟုတ်ဘူးတဲ့၊ ကျုပ်ဖတ်လိုက်ရတာတော့ လူမဲတဲ့၊ ဘာပဲဖြစ်ဖြစ်၊ သူ့သဘောပါပဲ”

“ ရိုးရိုးသားသားပြောရရင် အမေရိကန်ပြည်သူတွေကို လူမျိုးရေးခွဲခြားချင်တဲ့သူက သမ္မတဖြစ်ချင်နေတာ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ကျမမြင်ပါတယ်”

နယူးယော့ခ်တိုင်းသတင်းစာက ပြုစုထားတဲ့ စာရင်းတွေအရတော့ အမေရိကန်သမ္မတလောင်းနှစ်ယောက်ဟာ ပြည်နယ် ၇ ခုမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ စကားစစ်ထိုးပွဲအတွင်း အွန်လိုင်းစျေးကွက်ခန့်မှန်းတွေအရ ဒေါ်နယ်ထရန့်ဟာ လူကြိုက်များမှု 52 ရာခိုင်နှုန်းကနေ 47 ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဟဲရစ်ကတော့ လူကြိုက်များမှု 53 ရာခိုင်နှုန်းကနေ 55 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

စကားစစ်ထိုးပွဲအပြီးမှာပဲ အင်စတာဂရမ်ဖော်လိုဝါ 283 သန်းရှိတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဇ်က သူ့အနေနဲ့ ဒီမိုကရက်သမ္မတလောင်း ကာမယ်လာဟဲရစ်ကို ထောက်ခံမယ်လို့ အတိအလင်းရေးသားကြေညာခဲ့ပါတယ်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မာ့ခ် သည် ရွေးကောက်ပွဲပြီးနောက်ပိုင်း သူ့ရဲ့ အပြင်းထန်ဆုံး နိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 9 Views
CNN  ဇွန် ၃၀ရက် ၊ ၂၀၂၅ သူသည် နိုင်ငံရေးလောကမှ ထွက်ခွာသွားပြီဟု ကြေငြာပြီးနောက် အီလွန်မာ့ခ် သည် နိုင်ငံရေးစက်ဝင်းထဲသို့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

ဂါဇာစီးတီး ဆိပ်ကမ်းအနီးရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟုဆေးရုံတာဝန်ရှိသူမှပြောကြား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 16 Views
CNN- ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ ဂါဇာစီးတီးရှိ ဆိပ်ကမ်းနားရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

ယူကေနဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ဆေးခပ်ပြီးမုဒိမ်းကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
CNN —  ဗြိတိန်နဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို မု ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည့် တရုတ်အမျိုးသားကို တစ်သက်တစ်ကျွန်း အနည်းဆုံး ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါသည်။ ဂျင်ဟောင်ဇို (Zhenhao Zou) အသက်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက် အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား မိန့်ခွန်းတွင် အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှ အောင်မြင်မှုမရရှိခဲ့ဟု အခိုင်အမာ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်- အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်သံတမန်ရေးရာ ကြိုးပမ်းမှုများ အသေးစိတ် ထွက်ပေါ်လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 30 Views
CNN — ထရမ့်အစိုးရသည် အရပ်ဘက်စွမ်းအင် ထုတ်လုပ်သည့် နျူကလီးယား အစီအစဉ် တည်ဆောက်ရန်အတွက်အီရန်ကို ဒေါ်လာ ၃၀ဘီလီယံ အကူအညီပေးပြီး စီးပွားရေး ပိတ်ဆို့ထားမှုများကို လျော့ချပေးမည့်အပြင် ဘီလီယံ နှင့်ချီပြီး အေးခဲထားခဲ့သော အီရန်ပိုင်ငွေများကို ပြန်လည် အသုံးပြုခွင့်ပေးမည်
နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 25 Views
ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် “ မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။ ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည်
နိုင်ငံတကာသတင်း အာရှ

ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယား လက်နက်များကို ထိန်းသိမ်းထားရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားခြင်းကို ဖြစ်စေခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 36 Views
CNN ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တီဟီရန်၏နျူကလီးယားရည်မှန်းချက်များနှင့် ဆက်စပ်နေသည့် အဆောက်အအုံများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ခြင်းကို – အီရန်ထက် အဆပေါင်းများစွာ နျူကလီးယား လက်နက်များ ပိုမိုအဆင့်မြင့်သော မြောက်ကိုရီးယားသို့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။ ထရန့်