နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ AA အတည်ပြု

နိုဝင်ဘာလ (၁၂) ရက်။

နိုဝင်ဘာလ ၁၀ ရက်နဲ့ နေ့လည် ၂ နာရီခွဲအချိန်လောက်မှာ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေ လာပို့တဲ့ ရဟတ်ယာဉ် ၄ စီးထဲက တစ်စီးကို အာရက္ခတပ်တော်က ပစ်ချနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဒေသတွင်းမီဒီယာတွေကို အတည်ပြု ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဘက်ကလည်း အဲ့ဒီရဟတ်ယာဉ်ဟာ အမ်းကနေဖြတ်အတက် အာရက္ခတပ်တော် AA က ပွိုင့် 5 နဲ့ပစ်ခတ်တာကြောင့် ထိခိုက်ပျက်စီးသွားပြီး ငဖဲမြို့နယ် ဆူးပတောင်းအုပ်စု ကျောက်ဆုံရွာမှာ အရေးပေါ်ဆင်းခဲ့ရပြီး ရဟတ်ယာဉ်ကတော့ ပျက်စီးသွားတယ်လို့ ပြောဆိုထားပါတယ်။

ဒေသတွင်းသတင်းတွေအရ အမ်းမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အာရက္ခတပ်တော်ဖက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA က အမ်းမြို့ကို မတိုက်ခင်ကတည်းက စစ်ကောင်စီရဲ့ မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်ထားပြီး လက်ရှိစစ်ကောင်စီဟာ ရဟတ်ယာဉ်တွေနဲ့ စစ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေ ပို့နေရတယ်လို့ သိရပါတယ်။ အမ်းမြို့ကနေ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် စစ်သုံပန်း ၃၀၀ ကျော်ကိုလည်း AA ဘက်က ဖမ်းစီးရမိထားတယ်လို့ မြေပြင်သတင်းတွေအရ သိရှိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ခေါင်းဆောင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 22 Views
ဇန်နဝါရီလ (၂၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 22 Views
ဇန်နဝါရီလ (၂၀)ရက်။ (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကျွန်းစုမြို့ (၁၂)ရက်ကြာတိုက်ပွဲထဲ ပကဖစခန်း မီးလောင်ပျက်စီးခဲ့ပြီး ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 25 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ကစပြီး ကျွန်းစုမြို့ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျောက်တန်းငယ်ရွာဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်‌တပ်ရေတပ်နဲ့ ပျူစောထီးတို့ပေါင်းကာ စစ်ကြောင်းထိုးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ မြို့နယ်ပကဖတို့ ထိတွေ့တိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့
မြန်မာသတင်း

ပဋိပက္ခတွေကြား သတင်းသမားတွေ ဘေးကင်းလုံခြုံဖို့ အာဏာပိုင်အဖွဲ့တွေကို IPCM တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 25 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇)ရက်နဲ့ (၁၈)နေ့တို့မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံမှာ လာမယ့်သက်တမ်းထဲ တာဝန်ထမ်းဆောင်မယ့် အလုပ်အမှုဆောင်ကော်မတီဝင်တွေကို တက်ရောက်လာတဲ့ အဖွဲ့ဝင်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ခဲ့တယ်လို့
မြန်မာသတင်း

ဒီပဲယင်းနယ် စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့၊ အရပ်သား(၁)ဦးသေဆုံးပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 24 Views
ဇန်နဝါရီလ (၁၉)ရက်။ ‌ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)မိနစ်ကျော်အချိန်က ဒီပဲယင်းနယ်အနောက်တောင်ခြမ်းရှိ စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဒီပဲယင်းအနောက်တောင်ခြမ်း စိုင်ပြင်မြို့ကို တံတားဦးလေတပ်ကနေ A-5 Bomber ဂျက်ဖိုက်တာ(၁)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 45 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ စစ်တွေတိုက်ပွဲမှာ အုန်းတောကြီးစစ်စခန်းနဲ့ ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေ
မြန်မာသတင်း

စလင်းမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 39 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စလင်းမြို့ထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်တပ်က အင်အား(၂၀၀)လောက်နဲ့ ထွက်လာပြီး
မြန်မာသတင်း

တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 32 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။