နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ငူလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

ဒီဇင်ဘာလ (၁၂)ရက်။

မနေ့က ည (၁၁)နာရီအချိန်က စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ထဲကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့ ညပိုင်းက တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တာမှာ (၂)လုံးက error ဖြစ်ပြီး (၃)လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းထဲကို ရှော့တိုက်ဒုံး (၅)လုံး ပစ်ခတ်ခဲ့ပေမယ့် (၃)လုံးသား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကာ ထိခိုက်ပျက်စီးတဲ့အခြေအနေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar(BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces(MKCDF)၊ Anti-Coup People’s Liberation Force ACPLF)နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတဝန်းတွင် စစ်ရှုံးကောင်စီဟာ လေတပ်ကို အစွမ်းကုန် တိုးမြှင့်အသုံးချနေတာကြောင့် တော်လှန်ရေးအင်အားစုတွေကလဲ လေတပ်ပြိုဖို့ ပိုမိုကြိုးပမ်းရမှာဖြစ်ပြီး စစ်ဆင်ရေးတစ်ခုအနေနဲ့ တောင်ငူလေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ သိရပါတယ်။

နောက်ပြီး တောင်ငူလေတပ်စခန်းဌာနချုပ်ဟာ မြန်မာပြည်တစ်ဝန်း အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာမှာ စစ်ရှုံးကောင်စီက အဓိကအားထားပြီး အသုံးပြုနေတဲ့ လေတပ်စခန်းများထဲမှတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောင်ပိုင်းတော်လှန်ရေးအင်အားစုတွေကိုလဲ အဓိက ဒုက္ခပေးနေတဲ့ လေတပ်စခန်းဖြစ်တာကြောင့် BWM နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ MKCDF နဲ့ ACPLF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ရတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ ဟက်ဘာ (Alina Habba) သည် နယူးဂျာစီပြည်နယ် အမေရိကန် ရှေ့နေအဖြစ် တရားမဝင် တာဝန်ထမ်းဆောင်နေကြောင်း အယူခံတရားရုံးက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 2 Views
CNN- ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂ရက် တနင်္လာနေ့တွင် ဖက်ဒရယ် အယူခံတရားရုံးတစ်ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ
မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 30 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 25 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံဖိုင် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 28 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 30 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ်
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အားနည်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 13 Views
ဒီဇင်ဘာလ (၁)ရက်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ‌လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ
မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 41 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်က ဝါဒဖြန့်ရိုက်ကူးတဲ့ ‌” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 43 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က ည‌ပိုင်းလောက်ကစပြီး မြို့ထဲကို