နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 19 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

ဇန်နဝါရီလ(၁၃)ရက်။

ရခိုင်ပြည်သူတွေကို ဆယ်စုနှစ်များစွာ ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က တစ်ရက်ထဲ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်ရှိ မြို့ပေါ်ရပ်ကွက်တွေအပါအ၀င် အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီတပ်စခန်းတွေနဲ့ နေဗီသင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ ညနေ(၄)နာရီ (၅၀)မိနစ်ခန့်က အမ်းမြို့ကို စစ်ကောင်စီရဲ့ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုပစ်ခတ်ခဲ့တာကြောင့် ကမ်းထောင်းကြီးမြို့၊ သရက်တောင်ကျေးရွာထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ရာ အသင်(၆၅)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် နေ့လယ်(၁၂)နာရီကျော်မှာ ကြပ်စင်မြစ်ကြောင်းအတိုင်း ပေါက်တောဘက်ကို ဦးတည်သွား‌လာနေတဲ့ စစ်ကောင်စီရဲ့ နေဗီသင်္ဘော(၂)စီးက မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီး(၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ (၂)ဦးထိမှန်သေဆုံးခဲ့ပြီး (၆)နှစ်နဲ့ (၁၃)နှစ်အရွယ် မွတ်စလင်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဇန်နဝါရီလ (၁၁)ရက်နေ့ကလဲ စစ်ကောင်စီနေဗီမှ တပ်ဖွဲ့၀င်(၁၀)ဦးကျော်ခန့်ဟာ မင်းပြားမြို့က မင်းဘာကြီးရပ်ကွက်ထဲကို ၀င်ရောက်ပြီး ဒေသခံတစ်ဦးရဲ့ နေအိမ်ကို ဖြိုဖျက်ခဲ့ပြီး အမျိုးသမီး(၂)ဦးနဲ့ အမျိုးသား(၂)ဦးကို လူမဆန်စွာ သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 5 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 21 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA
1027 Operations

နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲ၊ လူထိခိုက်တာတွေ အများအပြားရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 18 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ညနေ (၅)နာရီခွဲအချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက စာသင်တိုက်ကို စကစက ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်နဲ့ ပဲခူးအစပ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 27 Views
မတ်လ (၁၄)ရက်။ မနေ့က ရခိုင်နဲ့ ပဲခူးအစပ် ပန်းတောင်းမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညောင်ကျိုးတပ်စခန်းက ရခိုင်-ပဲခူးအစပ် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီး
1027 Operations မြန်မာသတင်း

KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေကို လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
မတ်လ (၁၄)ရက်။ ရှမ်းမြောက်ဒေသမှာ KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KIA နဲ့ TNLA တို့ဟာ
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းဖို့ ညီနောင်အဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 35 Views
မတ်လ (၁၁)ရက်။ ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ TNLA နဲ့ AA တို့က ဒီကနေ့မှာကျရောက်တဲ့ MNDAA တည်ထောင်တဲ့ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ MNDAA အနေနဲ့ ကိုးကန့်ပြည်သူတွေ၊
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ရွှေလုပ်ကွက်ကို ဆန့်ကျင်တဲ့ ဒေသခံတွေကို ကိုးကန့်တပ်က သေနတ်နဲ့ပစ်၊ (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 6 ရက်
  • 29 Views
မတ်လ (၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က ကွတ်ခိုင်မြို့ မုံးစီးရွာအုပ်စုရှိ ပြိန်းခမ်းရွာအနီးက ရွှေလုပ်ကွက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ရာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေံက သိရပါတယ်။ “ ပြိန်းခမ်းရွာနားက ရွှေလုပ်ကွက်မှာ ရွှေတူးနေတဲ့ တရုတ်တွေကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင် ကျောက်ဖြူမြို့ကို AA စတင်ထိုးစစ်ဆင်နေပြီး တိုက်စစ်အရှိန်ရနေပြီလို့ဆို

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 32 Views
‌မတ်လ (၂)ရက်။ ရခိုင်ပြည်နယ်ထဲမှာ ကျန်ရှိနေတဲ့ ကျောက်ဖြူမြို့က စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ “ အခု ကျောက်ဖြူဘက်ကို တိုက်စစ်စတင်နေပြီ။ မြို့အစွန်ကျတဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ ရဲတပ်ရင်းကို စတင်တိုက်ခိုက်နေတာ၊ တိုက်စစ်အရှိန်ရလာနေပြီဖြစ်ပါတယ်” လို့