ဖေဖော်ဝါရီလ (၁၃) ရက်။
ကောလင်းမြို့၏ အဓိကကျသော နေရာများအား စစ်ကောင်စီမှ အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်ပြီး တိုက်ပွဲများ လတ်တလော ခတ္တငြိမ်သက်နေကြောင်း
သတင်းရရှိထားတယ်လို့ တော်လှန်ရေးအင်အားစုဘက်က ဒီကနေ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကောလင်းမြို့ကို ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံနဲ့ သတင်းစာတွေမှာ ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ ကောလင်းမြို့နဲ့ပတ်သက်ပြီး တစုံတရာ ပြောကြားတာမျိုး မရှိသေးပါဘူး။