နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

လက်နက်ခဲယမ်းများကို တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် ရက္ခိုင့်တပ်တော် AA အထူးသတိပေးထုတ်ပြန်

ဖေဖော်ဝါရီလ (၁၃) ရက်။

စစ်ရှုံးစစ်ကောင်စီရဲ့ စစ်သားများ၊ ရဲတပ်သားတွေဟာ သူတိုရဲ့စခန်းတွေကို စွန့်ခွာကာ အိမ်နီးနားချင်း အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေအတွင်းကို ထွက်ပြေးနေကြသလို၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောတွေပေါ်ကလည်း အသက်လုထွက်ပြေးနေကြရသလို ရပ်ရွာတွေမှာလည်း အရပ်ဝတ်များလဲပြီး နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို ထွက်ပြေးရာမှာ သူတို့ရဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကိုဖျက်ဆီးထားခဲ့ပြီး ထွက်ပြေးတဲ့အချိန်မှာ တစ်ကိုယ်စာယူဆောင်သွားကြတဲ့ လက်နက်ခဲယမ်းတွေကို အချိန်ကာလတစ်ခုမှာ မသယ်ဆောင်နိုင်တဲ့အတွက် တောတောင်၊ ချောင်းမြောင်း၊ လျှိမြောင်တိုမှာ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြတာကို ဖမ်းဆီးထားအဲ့သုံပန်းတွေနဲ့ မြေပြင်ပကတိ အခြေအနေတွေအရ သိရှိရတယ်လို့ ဖော်ပြထားပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးတွေ လွှင့်ပစ်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ရက္ခိုင့်တပ်တော်က လိုက်လံရှာဖွေ၍ တွေ့ရှိထားတာတွေလည်း ရှိတယ်လို့ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်က မရောက်ရှိသေးတဲ့နေရာတွေမှာဖြစ်စေ၊ ရှာဖွေမတွေ့သေးလို့ဖြစ်စေ ကျန်ရှိနေသေးတဲ့ လက်နက်ခဲယမ်းတွေလည်း ရှိနေနိုင်ပါသေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီစွန့်ပစ်ထားခဲ့တဲ့ ရန်သူ့လက်နက်ခဲယမ်းတွေကို ဘယ်သူမဆို တွေ့ရှိပါက နီးစပ်ရာ ရက္ခိုင့်တပ်တော် စခန်းတွေမှာဖြစ်စေ၊ အာရက္ခပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံမှာဖြစ်စေ အပ်နှံနိုင်တယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်း အဆိုး၊ အကောင်း အပေါ်မူတည်ပြီး ထိုက်သင့်တဲ့ ဆုငွေကို ချက်ချင်းချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနယ်မြေတွေမှာ သာမန်အရပ်သားပြည်သူတွေ လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမှာ မဟုတ်တဲ့အတွက် လက်နက်ကိုင်ဆောင်ထားသူများအနေနဲ့ ဒီထုတ်ပြန်ချက်ထုတ်တဲ့နေ့ကနေ တစ်ပတ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ ည (၁၂) နာရီ နောက်ဆုံးထားပြီး အပ်နှံကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတ်မှတ်ထားတဲ့ ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားတာတွေကို စစ်ဆေးတွေရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အထူးသတိပေးထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို