နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယူကရိန်းနဲ့ အစ္စရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၉၅ ဘီလီယံ ပေးအပ်မယ့် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြု

ဖေဖော်ဝါရီလ (၁၃) ရက်၊ ဝါရှင်တန်။

ယူကရိန်းနဲ့ အစ္စရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၉၅ ဘီလီယံ ပေးအပ်မယ့် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး အောက်လွှတ်တော်ကို စိမ်ခေါ်ခဲ့ပါတယ်။ ယူကရိန်းနဲ့ အစ္စရေးအတွက် အကူအညီနဲ့ ဒေါ်လာ ၉၅.၃ ဘီလီယံ နိုင်ငံခြားအကူအညီ ဥပဒေကြမ်းကို အထက်လွှတ်တော်က အင်္ဂါနေ့ မနက်အစောပိုင်းမှာ မဲခွဲရာမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (Mike Johnson) က ဝေဖန်ခဲ့ပြီး အောက်လွှတ်တော်အနေနဲ့ ဆန့်ကျင်သည့်သဘောကို ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားအကူအညီအစီအစဉ်မှာ ယူကရိန်းကို ထောက်ပံ့ရန်နဲ့ အစ္စရေးအတွက် လုံခြုံရေး အကူအညီအပြင် ဂါဇာ၊ အနောက်ဘက်ကမ်းနဲ့ ယူကရိန်းရှိ အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပြင် အခြားဦးစားပေးအစီအစဉ်တွေထဲမှာ ယူကရိန်းအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ပါဝင်ပါတယ်။ ဂျွန်ဆင်ဟာ ဒီဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အောက်လွှတ်တော် ရီပတ်ဘလီကန် အများအပြားကတော့ ယူကရိန်းကို နောက်ထပ်အကူအညီပေးဖို့ ဆန့်ကျင်နေကြပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်ရဲ့ ဝေဖန်မှုကြားက အဲ့ဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ချေးငွေပုံစံနဲ့ ပေးအပ်တာ မဟုတ်ပါက နိုင်ငံခြားအကူအညီတွေ ပေးအပ်တာကို ရပ်တန့်သင့်တယ်လို့ ဝေဖန်ခဲ့ပြီး အဲ့ဒီဥပဒေကြမ်းကို ဆီးနိတ်အထက်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ၇၀ က ထောက်ခံခဲ့ပြီး ၂၉ က ကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ရီပတ်ဘလစ်ကန် ၂၂ မဲနဲ့ ထောက်ခံခဲ့ပါတယ်။ အထက်လွှတ်တော်လျာထားမှုကော်မတီရဲ့ ပြောပြချက်အရ အဲ့ဒီဥပဒေကြမ်းမှာ ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ ယူကရိန်းကို ထောက်ပံ့ရန် ဒေါ်လာ ၆၀ ဘီလီယံ၊ အစ္စရေးအတွက်လုံခြုံရေး ဒေါ်လာ ၁၄.၁ ဘီလီယံ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၉.၂ ဘီလီယံနှင့် အင်ဒို-ပစိဖိတ်ဒေသရှိ ဒေသတွင်းမိတ်ဖက်တွေကို ထောက်ပံ့ရန် ဒေါ်လာ ၄.၈ ဘီလီယံ ပါဝင်ပါတယ်။

“ အောက်လွှတ်တော်က ရှေ့ဆက်ရမယ့်လမ်းကြောင်းကို အဖြေရှာရမှာဖြစ်ပြီး သူတို့နည်းလမ်းအတိုင်း သူတို့က လုပ်ရမှာဖြစ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ လုပ်ငန်းစဉ်ကို စတင်ဖို့ လိုအပ်တဲ့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ပေါ်လစီ ထိန်းသိမ်းရေးမှူး ဂျွန်တွန်း (John Thune) က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလီကန်တွေက နယ်စပ်လုံခြုံရေးကို ဥပဒေကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကနဦး သဘောတူထားခဲ့ပေမယ့် ထရန့်နဲ့ အောက်လွှတ်တော်ထိပ်တန်းရီပတ်ဘလီကန်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြားမှာ နိုင်ငံနယ်စပ်သဘောတူညီချက် အပါအဝင် နိုင်ငံခြားထောက်ပံ့မှုကို ပယ်ချခဲ့ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်က နယ်နိမိတ်ပြဋ္ဌာန်းချက်တွေ ပါဝင်မှု ကင်းမဲ့တာကြောင့် နိုင်ငံခြားအကူအညီ ဥပဒေကြမ်းကို ဝေဖန်ခဲ့ပြီး လက်ရှိဥပဒေမူကြမ်းကို အမှန်တကယ် အဆုံးသတ်အတည်ပြုနိုင်ရန် အမှန်တကယ် အထောက်အကူဖြစ်စေမည့် နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပြီး ထည့်သွင်းရန် အထက်လွှတ်တော်က လက်ရှိဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်သင့်ပြီး အခက်အခဲအကြပ်အတည်းတွေ ဆက်တိုက်ဖြစ်နေတာကို ဖြေရှင်းသင့်ပါတယ်။” လို့ ပါရှိပါတယ်။

ဂျွန်ဆင်က အရင်က နယ်ခြားစည်းမျဉ်းတွေ ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ဥပဒေကြမ်းကို ဆန့်ကျင်ခဲ့ပါတယ်။ အဲ့ဒီပြဋ္ဌာန်းချက်တွေဟာ နှစ်ဘက်ညီတဲ့ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်ဖြစ်ပြီး တင်းကျပ်တဲ့ နယ်နိမိတ် စည်းမျဉ်းတွေ ပါဝင်နေပေမယ့်လည်း သူက အဲ့ဒီပြဋ္ဌာန်းချက်တွေနဲ့ မလုံလောက်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် ချပ်ရှူးမား (Chuck Schumer) က လွှတ်တော်တွင်း အမှာစကား ပြောကြားရာမှာ “ဆီးနိတ်က ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးကိုသာမက အနောက်တိုင်းဒီမိုကရေစီရဲ့လုံခြုံရေးကိုပါ ကြီးကြီးမားမား သက်ရောက်မှု ရှိစေမယ့် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်က အတည်ပြုလိုက်ခြင်းဟာ နှစ်နဲ့ချီပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။ “အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်က ဒီဥပဒေကြမ်းကို အောက်လွှတ်တော်ကို ယူဆောင်ခဲ့မယ်ဆိုရင် တူညီပြီး အင်အားကောင်းတဲ့ နှစ်ဘက်ထောက်ခံမှုနဲ့အတူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ရှူးမားက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ချေးငွေအဖြစ်ပေးတာ မဟုတ်ရင် နိုင်ငံခြားအကူအညီတွေကို မပေးသင့်ဘူးလို့ ထရမ့်က စောဒကတက်သဖြင့် အထက်လွှတ်တော်က ဥပဒေမူကြမ်းကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ လိုအပ်ငွေ အပြည့်အဝမပေးတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံမှန်သမျှကို ရုရှားကရန်စဖို့ အားပေးမယ်လို့လည်း ထရန့်က ပြောဆိုထားပါတယ်။ အထက်လွှတ်တော် ရီပတ်ဘလီကန်အမတ် အများအပြားဟာ တနင်္လာနေ့မှာ ထရန့်ရဲ့ နေတိုးအပေါ် သဘောထား မှတ်ချက်တွေကို တချို့က ခုခံကာကွယ်ပေးပြီး တချို့က ရှုံ့ချခဲ့ကြပါတယ်။ “ ကျွန်တော် သူ့နောက်မှာ ၁၀၀% ရှိပါတယ်” လို့ အထက်လွှတ်တော်အမတ် တော်မီ တူဗာဗီးလ် (Tommy Tuberville) က နေတိုးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အခကြေးငွေကို ပေးဆောင်သင့်ပါတယ် ဒါမှမဟုတ်ရင် ပူတင်ဟာ သူတို့ရဲ့ နိုင်ငံကို ကျူးကျော်လာဖို့ အန္တရာယ်ရှိကြောင်းသာ ထရန့်က ပြောကြားခဲ့တာဖြစ်တယ်လို့ သူက ထရန့်ကို ကာကွယ် ပြောကြားခဲ့ပါတယ်။

အလာဘားမား ရီပတ်ဘလီကန်ပါတီအမတ်ကလည်း ဥရောပမဟာမိတ်များအနေနဲ့ ကျူးကျော်မှုနဲ့ပတ်သက်ပြီး “အလွန်စိုးရိမ်သင့်ပါတယ်” လို့ အကြံပြုထားပြီး သူတို့ဟာ မိမိတို့ကိုယ်ကို ကာကွယ်သင့်ပြီး အမေရိကန်ကို အားမကိုးဘဲ အမေရိကန်နိုင်ငံဟာ “လူတိုင်းကို မကာကွယ်နိုင်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ ထရန့်ရဲ့မှတ်ချက်တွေကို စိုးရိမ်နေတဲ့ ဥရောပမဟာမိတ်တွေဟာ အဲ့ဒီအချက်ကို ကျော်ဖြတ်ရန် လိုအပ်တယ်လို့ ကင်းဆပ်စ်က အထက်လွှတ်တော်အမတ် ရော်ဂျာမာရှယ် (Roger Marshall) က ပြောကြားခဲ့ပါတယ်။

“မင်းသိပါတယ်၊ သူတို့ ကျော်ဖြတ်ဖို့ လိုတယ်။ သူတို့ဟာ ကိုယ်ဟာကိုယ် ရပ်တည်နိုင်ကြောင်း ကြံခိုင်ကြောင်း ပြသနိုင်ရမယ်။ ငါတို့ကလည်း ကိုယ့်နယ်ခြား နယ်နမိတ်ကို အရင်ကာကွယ်ရမယ်။ ကိုယ့်နိုင်ငံမှာရှိနေတဲ့အရာတွေကို အရင်ဆုံး ဂရုစိုက်ရမယ်။ ကိုယ့်နယ်နိမိတ်ကို လုံခြုံအောင် စောင့်ရှောက်နိုင်တဲ့အခါ၊ အရမ်းကောင်းလာမယ်။ ပြီးတော့မှ တခြားလူတွေကိုလည်း ကူညီကြပါစို့” လို့ ကင်းဆပ်က ရီပတ်ပလီကင်အမတ်က ပြောကြားခဲ့ပါတယ်။

ဆီးနိတ်မှာ ကင်တာကီက အထက်လွှတ်တော်အမတ် ရန်ဒ်ပေါလ် (Rand Paul) က ဥပဒေပြဋ္ဌာန်းချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ အချိန်ဇယားကို ကြာရှည်စေခဲ့တဲ့အတွက် ဆီးနိတ်မှာ ဥပဒေကြမ်းကို ထည့်သွင်းစဉ်းစားရန် ရက်အတော်ကြာ ပို၍တိုးလာခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်တစ်ဦးဦးဟာ လုပ်ငန်းစဉ်ကို နှေးကွေးစေပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့ အချိန်ကုန်စေတဲ့ မဲပေးမှုတွေ ပြုလုပ်ဖို့ အထက်လွှတ်တော်ကို တွန်းအားပေးနိုင်ပါတယ်။

ပေါလ်ဟာ တနင်္ဂနွေနေ့အထိ အချိန်ဆွဲနေခဲ့ပြီး သူ့အနေနှင့် “အဆုံးစွန် အချိန်ဆွဲနိုင်တဲ့အထိ သွားဖို့” ထိန်းထားမယ်လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံတော် ကြွေးမြီကိစ္စနဲ့ တခြားကိစ္စရပ်တွေကို ပြောဆိုခြင်းနဲ့ လွှတ်တော်တွင်း ထိန်းထားဖို့ အသင့်ရှိကြောင်း သူက ပြောခဲ့ပါတယ်။ “ကျွန်တော်က စကားပြောရတာ ကြိုက်တယ်။ အဲဒါက ကျွန်တော် အကြိုက်ဆုံး လုပ်စရာတွေထဲက တစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ပေါလ်က “ကျွန်တော်တို့ ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်။ “ဒီနေရာမှ ရှိနေရတာ ကျွန်တော် မကြိုက်ဘူး။ ပျော်စရာကောင်းလို့ ဒီမှာရောက်နေတာမဟုတ်ဘူး၊ ကျွန်တော် ဒီနေရာမှာပြောနေရတာက အကြွေးရဲ့ အန္တရာယ်အကြောင်းကို လုံလောက်အောင် လူတွေက ပြောနေတယ်လို့ မထင်တဲ့အတွက်ကြောင့်ပါ။” တနင်္ဂနွေနေ့က Super Bowl အားကစားပွဲ မစတင်မီ နာရီပိုင်းအလိုလိုမှာ အထက်လွှတ်တော်တွင်း မဲပေးရာမှာ မဲအရေအတွက် ၆၇ မှ ၂၇ နဲ့ ရှေ့သို့ဆက်လက်ဆောင်ရွက်ဖို့ မဲပေးပြီး ဥပဒေမူကြမ်းကို အတည်ပြုပေးခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး