နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယူကရိန်းနဲ့ အစ္စရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၉၅ ဘီလီယံ ပေးအပ်မယ့် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြု

ဖေဖော်ဝါရီလ (၁၃) ရက်၊ ဝါရှင်တန်။

ယူကရိန်းနဲ့ အစ္စရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၉၅ ဘီလီယံ ပေးအပ်မယ့် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး အောက်လွှတ်တော်ကို စိမ်ခေါ်ခဲ့ပါတယ်။ ယူကရိန်းနဲ့ အစ္စရေးအတွက် အကူအညီနဲ့ ဒေါ်လာ ၉၅.၃ ဘီလီယံ နိုင်ငံခြားအကူအညီ ဥပဒေကြမ်းကို အထက်လွှတ်တော်က အင်္ဂါနေ့ မနက်အစောပိုင်းမှာ မဲခွဲရာမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (Mike Johnson) က ဝေဖန်ခဲ့ပြီး အောက်လွှတ်တော်အနေနဲ့ ဆန့်ကျင်သည့်သဘောကို ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားအကူအညီအစီအစဉ်မှာ ယူကရိန်းကို ထောက်ပံ့ရန်နဲ့ အစ္စရေးအတွက် လုံခြုံရေး အကူအညီအပြင် ဂါဇာ၊ အနောက်ဘက်ကမ်းနဲ့ ယူကရိန်းရှိ အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပြင် အခြားဦးစားပေးအစီအစဉ်တွေထဲမှာ ယူကရိန်းအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ပါဝင်ပါတယ်။ ဂျွန်ဆင်ဟာ ဒီဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အောက်လွှတ်တော် ရီပတ်ဘလီကန် အများအပြားကတော့ ယူကရိန်းကို နောက်ထပ်အကူအညီပေးဖို့ ဆန့်ကျင်နေကြပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်ရဲ့ ဝေဖန်မှုကြားက အဲ့ဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ချေးငွေပုံစံနဲ့ ပေးအပ်တာ မဟုတ်ပါက နိုင်ငံခြားအကူအညီတွေ ပေးအပ်တာကို ရပ်တန့်သင့်တယ်လို့ ဝေဖန်ခဲ့ပြီး အဲ့ဒီဥပဒေကြမ်းကို ဆီးနိတ်အထက်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ၇၀ က ထောက်ခံခဲ့ပြီး ၂၉ က ကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ရီပတ်ဘလစ်ကန် ၂၂ မဲနဲ့ ထောက်ခံခဲ့ပါတယ်။ အထက်လွှတ်တော်လျာထားမှုကော်မတီရဲ့ ပြောပြချက်အရ အဲ့ဒီဥပဒေကြမ်းမှာ ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ ယူကရိန်းကို ထောက်ပံ့ရန် ဒေါ်လာ ၆၀ ဘီလီယံ၊ အစ္စရေးအတွက်လုံခြုံရေး ဒေါ်လာ ၁၄.၁ ဘီလီယံ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၉.၂ ဘီလီယံနှင့် အင်ဒို-ပစိဖိတ်ဒေသရှိ ဒေသတွင်းမိတ်ဖက်တွေကို ထောက်ပံ့ရန် ဒေါ်လာ ၄.၈ ဘီလီယံ ပါဝင်ပါတယ်။

“ အောက်လွှတ်တော်က ရှေ့ဆက်ရမယ့်လမ်းကြောင်းကို အဖြေရှာရမှာဖြစ်ပြီး သူတို့နည်းလမ်းအတိုင်း သူတို့က လုပ်ရမှာဖြစ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ လုပ်ငန်းစဉ်ကို စတင်ဖို့ လိုအပ်တဲ့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ပေါ်လစီ ထိန်းသိမ်းရေးမှူး ဂျွန်တွန်း (John Thune) က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလီကန်တွေက နယ်စပ်လုံခြုံရေးကို ဥပဒေကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကနဦး သဘောတူထားခဲ့ပေမယ့် ထရန့်နဲ့ အောက်လွှတ်တော်ထိပ်တန်းရီပတ်ဘလီကန်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြားမှာ နိုင်ငံနယ်စပ်သဘောတူညီချက် အပါအဝင် နိုင်ငံခြားထောက်ပံ့မှုကို ပယ်ချခဲ့ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်က နယ်နိမိတ်ပြဋ္ဌာန်းချက်တွေ ပါဝင်မှု ကင်းမဲ့တာကြောင့် နိုင်ငံခြားအကူအညီ ဥပဒေကြမ်းကို ဝေဖန်ခဲ့ပြီး လက်ရှိဥပဒေမူကြမ်းကို အမှန်တကယ် အဆုံးသတ်အတည်ပြုနိုင်ရန် အမှန်တကယ် အထောက်အကူဖြစ်စေမည့် နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပြီး ထည့်သွင်းရန် အထက်လွှတ်တော်က လက်ရှိဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်သင့်ပြီး အခက်အခဲအကြပ်အတည်းတွေ ဆက်တိုက်ဖြစ်နေတာကို ဖြေရှင်းသင့်ပါတယ်။” လို့ ပါရှိပါတယ်။

ဂျွန်ဆင်က အရင်က နယ်ခြားစည်းမျဉ်းတွေ ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ဥပဒေကြမ်းကို ဆန့်ကျင်ခဲ့ပါတယ်။ အဲ့ဒီပြဋ္ဌာန်းချက်တွေဟာ နှစ်ဘက်ညီတဲ့ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်ဖြစ်ပြီး တင်းကျပ်တဲ့ နယ်နိမိတ် စည်းမျဉ်းတွေ ပါဝင်နေပေမယ့်လည်း သူက အဲ့ဒီပြဋ္ဌာန်းချက်တွေနဲ့ မလုံလောက်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် ချပ်ရှူးမား (Chuck Schumer) က လွှတ်တော်တွင်း အမှာစကား ပြောကြားရာမှာ “ဆီးနိတ်က ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးကိုသာမက အနောက်တိုင်းဒီမိုကရေစီရဲ့လုံခြုံရေးကိုပါ ကြီးကြီးမားမား သက်ရောက်မှု ရှိစေမယ့် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်က အတည်ပြုလိုက်ခြင်းဟာ နှစ်နဲ့ချီပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။ “အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်က ဒီဥပဒေကြမ်းကို အောက်လွှတ်တော်ကို ယူဆောင်ခဲ့မယ်ဆိုရင် တူညီပြီး အင်အားကောင်းတဲ့ နှစ်ဘက်ထောက်ခံမှုနဲ့အတူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ရှူးမားက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ချေးငွေအဖြစ်ပေးတာ မဟုတ်ရင် နိုင်ငံခြားအကူအညီတွေကို မပေးသင့်ဘူးလို့ ထရမ့်က စောဒကတက်သဖြင့် အထက်လွှတ်တော်က ဥပဒေမူကြမ်းကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ လိုအပ်ငွေ အပြည့်အဝမပေးတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံမှန်သမျှကို ရုရှားကရန်စဖို့ အားပေးမယ်လို့လည်း ထရန့်က ပြောဆိုထားပါတယ်။ အထက်လွှတ်တော် ရီပတ်ဘလီကန်အမတ် အများအပြားဟာ တနင်္လာနေ့မှာ ထရန့်ရဲ့ နေတိုးအပေါ် သဘောထား မှတ်ချက်တွေကို တချို့က ခုခံကာကွယ်ပေးပြီး တချို့က ရှုံ့ချခဲ့ကြပါတယ်။ “ ကျွန်တော် သူ့နောက်မှာ ၁၀၀% ရှိပါတယ်” လို့ အထက်လွှတ်တော်အမတ် တော်မီ တူဗာဗီးလ် (Tommy Tuberville) က နေတိုးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အခကြေးငွေကို ပေးဆောင်သင့်ပါတယ် ဒါမှမဟုတ်ရင် ပူတင်ဟာ သူတို့ရဲ့ နိုင်ငံကို ကျူးကျော်လာဖို့ အန္တရာယ်ရှိကြောင်းသာ ထရန့်က ပြောကြားခဲ့တာဖြစ်တယ်လို့ သူက ထရန့်ကို ကာကွယ် ပြောကြားခဲ့ပါတယ်။

အလာဘားမား ရီပတ်ဘလီကန်ပါတီအမတ်ကလည်း ဥရောပမဟာမိတ်များအနေနဲ့ ကျူးကျော်မှုနဲ့ပတ်သက်ပြီး “အလွန်စိုးရိမ်သင့်ပါတယ်” လို့ အကြံပြုထားပြီး သူတို့ဟာ မိမိတို့ကိုယ်ကို ကာကွယ်သင့်ပြီး အမေရိကန်ကို အားမကိုးဘဲ အမေရိကန်နိုင်ငံဟာ “လူတိုင်းကို မကာကွယ်နိုင်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ ထရန့်ရဲ့မှတ်ချက်တွေကို စိုးရိမ်နေတဲ့ ဥရောပမဟာမိတ်တွေဟာ အဲ့ဒီအချက်ကို ကျော်ဖြတ်ရန် လိုအပ်တယ်လို့ ကင်းဆပ်စ်က အထက်လွှတ်တော်အမတ် ရော်ဂျာမာရှယ် (Roger Marshall) က ပြောကြားခဲ့ပါတယ်။

“မင်းသိပါတယ်၊ သူတို့ ကျော်ဖြတ်ဖို့ လိုတယ်။ သူတို့ဟာ ကိုယ်ဟာကိုယ် ရပ်တည်နိုင်ကြောင်း ကြံခိုင်ကြောင်း ပြသနိုင်ရမယ်။ ငါတို့ကလည်း ကိုယ့်နယ်ခြား နယ်နမိတ်ကို အရင်ကာကွယ်ရမယ်။ ကိုယ့်နိုင်ငံမှာရှိနေတဲ့အရာတွေကို အရင်ဆုံး ဂရုစိုက်ရမယ်။ ကိုယ့်နယ်နိမိတ်ကို လုံခြုံအောင် စောင့်ရှောက်နိုင်တဲ့အခါ၊ အရမ်းကောင်းလာမယ်။ ပြီးတော့မှ တခြားလူတွေကိုလည်း ကူညီကြပါစို့” လို့ ကင်းဆပ်က ရီပတ်ပလီကင်အမတ်က ပြောကြားခဲ့ပါတယ်။

ဆီးနိတ်မှာ ကင်တာကီက အထက်လွှတ်တော်အမတ် ရန်ဒ်ပေါလ် (Rand Paul) က ဥပဒေပြဋ္ဌာန်းချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ အချိန်ဇယားကို ကြာရှည်စေခဲ့တဲ့အတွက် ဆီးနိတ်မှာ ဥပဒေကြမ်းကို ထည့်သွင်းစဉ်းစားရန် ရက်အတော်ကြာ ပို၍တိုးလာခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်တစ်ဦးဦးဟာ လုပ်ငန်းစဉ်ကို နှေးကွေးစေပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့ အချိန်ကုန်စေတဲ့ မဲပေးမှုတွေ ပြုလုပ်ဖို့ အထက်လွှတ်တော်ကို တွန်းအားပေးနိုင်ပါတယ်။

ပေါလ်ဟာ တနင်္ဂနွေနေ့အထိ အချိန်ဆွဲနေခဲ့ပြီး သူ့အနေနှင့် “အဆုံးစွန် အချိန်ဆွဲနိုင်တဲ့အထိ သွားဖို့” ထိန်းထားမယ်လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံတော် ကြွေးမြီကိစ္စနဲ့ တခြားကိစ္စရပ်တွေကို ပြောဆိုခြင်းနဲ့ လွှတ်တော်တွင်း ထိန်းထားဖို့ အသင့်ရှိကြောင်း သူက ပြောခဲ့ပါတယ်။ “ကျွန်တော်က စကားပြောရတာ ကြိုက်တယ်။ အဲဒါက ကျွန်တော် အကြိုက်ဆုံး လုပ်စရာတွေထဲက တစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ပေါလ်က “ကျွန်တော်တို့ ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်။ “ဒီနေရာမှ ရှိနေရတာ ကျွန်တော် မကြိုက်ဘူး။ ပျော်စရာကောင်းလို့ ဒီမှာရောက်နေတာမဟုတ်ဘူး၊ ကျွန်တော် ဒီနေရာမှာပြောနေရတာက အကြွေးရဲ့ အန္တရာယ်အကြောင်းကို လုံလောက်အောင် လူတွေက ပြောနေတယ်လို့ မထင်တဲ့အတွက်ကြောင့်ပါ။” တနင်္ဂနွေနေ့က Super Bowl အားကစားပွဲ မစတင်မီ နာရီပိုင်းအလိုလိုမှာ အထက်လွှတ်တော်တွင်း မဲပေးရာမှာ မဲအရေအတွက် ၆၇ မှ ၂၇ နဲ့ ရှေ့သို့ဆက်လက်ဆောင်ရွက်ဖို့ မဲပေးပြီး ဥပဒေမူကြမ်းကို အတည်ပြုပေးခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 25 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 37 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို