နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယူကရိန်းနဲ့ အစ္စရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၉၅ ဘီလီယံ ပေးအပ်မယ့် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြု

ဖေဖော်ဝါရီလ (၁၃) ရက်၊ ဝါရှင်တန်။

ယူကရိန်းနဲ့ အစ္စရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၉၅ ဘီလီယံ ပေးအပ်မယ့် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး အောက်လွှတ်တော်ကို စိမ်ခေါ်ခဲ့ပါတယ်။ ယူကရိန်းနဲ့ အစ္စရေးအတွက် အကူအညီနဲ့ ဒေါ်လာ ၉၅.၃ ဘီလီယံ နိုင်ငံခြားအကူအညီ ဥပဒေကြမ်းကို အထက်လွှတ်တော်က အင်္ဂါနေ့ မနက်အစောပိုင်းမှာ မဲခွဲရာမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (Mike Johnson) က ဝေဖန်ခဲ့ပြီး အောက်လွှတ်တော်အနေနဲ့ ဆန့်ကျင်သည့်သဘောကို ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားအကူအညီအစီအစဉ်မှာ ယူကရိန်းကို ထောက်ပံ့ရန်နဲ့ အစ္စရေးအတွက် လုံခြုံရေး အကူအညီအပြင် ဂါဇာ၊ အနောက်ဘက်ကမ်းနဲ့ ယူကရိန်းရှိ အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပြင် အခြားဦးစားပေးအစီအစဉ်တွေထဲမှာ ယူကရိန်းအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ပါဝင်ပါတယ်။ ဂျွန်ဆင်ဟာ ဒီဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အောက်လွှတ်တော် ရီပတ်ဘလီကန် အများအပြားကတော့ ယူကရိန်းကို နောက်ထပ်အကူအညီပေးဖို့ ဆန့်ကျင်နေကြပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်ရဲ့ ဝေဖန်မှုကြားက အဲ့ဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ချေးငွေပုံစံနဲ့ ပေးအပ်တာ မဟုတ်ပါက နိုင်ငံခြားအကူအညီတွေ ပေးအပ်တာကို ရပ်တန့်သင့်တယ်လို့ ဝေဖန်ခဲ့ပြီး အဲ့ဒီဥပဒေကြမ်းကို ဆီးနိတ်အထက်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ၇၀ က ထောက်ခံခဲ့ပြီး ၂၉ က ကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ရီပတ်ဘလစ်ကန် ၂၂ မဲနဲ့ ထောက်ခံခဲ့ပါတယ်။ အထက်လွှတ်တော်လျာထားမှုကော်မတီရဲ့ ပြောပြချက်အရ အဲ့ဒီဥပဒေကြမ်းမှာ ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ ယူကရိန်းကို ထောက်ပံ့ရန် ဒေါ်လာ ၆၀ ဘီလီယံ၊ အစ္စရေးအတွက်လုံခြုံရေး ဒေါ်လာ ၁၄.၁ ဘီလီယံ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၉.၂ ဘီလီယံနှင့် အင်ဒို-ပစိဖိတ်ဒေသရှိ ဒေသတွင်းမိတ်ဖက်တွေကို ထောက်ပံ့ရန် ဒေါ်လာ ၄.၈ ဘီလီယံ ပါဝင်ပါတယ်။

“ အောက်လွှတ်တော်က ရှေ့ဆက်ရမယ့်လမ်းကြောင်းကို အဖြေရှာရမှာဖြစ်ပြီး သူတို့နည်းလမ်းအတိုင်း သူတို့က လုပ်ရမှာဖြစ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ လုပ်ငန်းစဉ်ကို စတင်ဖို့ လိုအပ်တဲ့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ပေါ်လစီ ထိန်းသိမ်းရေးမှူး ဂျွန်တွန်း (John Thune) က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလီကန်တွေက နယ်စပ်လုံခြုံရေးကို ဥပဒေကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကနဦး သဘောတူထားခဲ့ပေမယ့် ထရန့်နဲ့ အောက်လွှတ်တော်ထိပ်တန်းရီပတ်ဘလီကန်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြားမှာ နိုင်ငံနယ်စပ်သဘောတူညီချက် အပါအဝင် နိုင်ငံခြားထောက်ပံ့မှုကို ပယ်ချခဲ့ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်က နယ်နိမိတ်ပြဋ္ဌာန်းချက်တွေ ပါဝင်မှု ကင်းမဲ့တာကြောင့် နိုင်ငံခြားအကူအညီ ဥပဒေကြမ်းကို ဝေဖန်ခဲ့ပြီး လက်ရှိဥပဒေမူကြမ်းကို အမှန်တကယ် အဆုံးသတ်အတည်ပြုနိုင်ရန် အမှန်တကယ် အထောက်အကူဖြစ်စေမည့် နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပြီး ထည့်သွင်းရန် အထက်လွှတ်တော်က လက်ရှိဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်သင့်ပြီး အခက်အခဲအကြပ်အတည်းတွေ ဆက်တိုက်ဖြစ်နေတာကို ဖြေရှင်းသင့်ပါတယ်။” လို့ ပါရှိပါတယ်။

ဂျွန်ဆင်က အရင်က နယ်ခြားစည်းမျဉ်းတွေ ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ဥပဒေကြမ်းကို ဆန့်ကျင်ခဲ့ပါတယ်။ အဲ့ဒီပြဋ္ဌာန်းချက်တွေဟာ နှစ်ဘက်ညီတဲ့ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်ဖြစ်ပြီး တင်းကျပ်တဲ့ နယ်နိမိတ် စည်းမျဉ်းတွေ ပါဝင်နေပေမယ့်လည်း သူက အဲ့ဒီပြဋ္ဌာန်းချက်တွေနဲ့ မလုံလောက်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် ချပ်ရှူးမား (Chuck Schumer) က လွှတ်တော်တွင်း အမှာစကား ပြောကြားရာမှာ “ဆီးနိတ်က ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးကိုသာမက အနောက်တိုင်းဒီမိုကရေစီရဲ့လုံခြုံရေးကိုပါ ကြီးကြီးမားမား သက်ရောက်မှု ရှိစေမယ့် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်က အတည်ပြုလိုက်ခြင်းဟာ နှစ်နဲ့ချီပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။ “အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်က ဒီဥပဒေကြမ်းကို အောက်လွှတ်တော်ကို ယူဆောင်ခဲ့မယ်ဆိုရင် တူညီပြီး အင်အားကောင်းတဲ့ နှစ်ဘက်ထောက်ခံမှုနဲ့အတူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ရှူးမားက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ချေးငွေအဖြစ်ပေးတာ မဟုတ်ရင် နိုင်ငံခြားအကူအညီတွေကို မပေးသင့်ဘူးလို့ ထရမ့်က စောဒကတက်သဖြင့် အထက်လွှတ်တော်က ဥပဒေမူကြမ်းကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ လိုအပ်ငွေ အပြည့်အဝမပေးတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံမှန်သမျှကို ရုရှားကရန်စဖို့ အားပေးမယ်လို့လည်း ထရန့်က ပြောဆိုထားပါတယ်။ အထက်လွှတ်တော် ရီပတ်ဘလီကန်အမတ် အများအပြားဟာ တနင်္လာနေ့မှာ ထရန့်ရဲ့ နေတိုးအပေါ် သဘောထား မှတ်ချက်တွေကို တချို့က ခုခံကာကွယ်ပေးပြီး တချို့က ရှုံ့ချခဲ့ကြပါတယ်။ “ ကျွန်တော် သူ့နောက်မှာ ၁၀၀% ရှိပါတယ်” လို့ အထက်လွှတ်တော်အမတ် တော်မီ တူဗာဗီးလ် (Tommy Tuberville) က နေတိုးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အခကြေးငွေကို ပေးဆောင်သင့်ပါတယ် ဒါမှမဟုတ်ရင် ပူတင်ဟာ သူတို့ရဲ့ နိုင်ငံကို ကျူးကျော်လာဖို့ အန္တရာယ်ရှိကြောင်းသာ ထရန့်က ပြောကြားခဲ့တာဖြစ်တယ်လို့ သူက ထရန့်ကို ကာကွယ် ပြောကြားခဲ့ပါတယ်။

အလာဘားမား ရီပတ်ဘလီကန်ပါတီအမတ်ကလည်း ဥရောပမဟာမိတ်များအနေနဲ့ ကျူးကျော်မှုနဲ့ပတ်သက်ပြီး “အလွန်စိုးရိမ်သင့်ပါတယ်” လို့ အကြံပြုထားပြီး သူတို့ဟာ မိမိတို့ကိုယ်ကို ကာကွယ်သင့်ပြီး အမေရိကန်ကို အားမကိုးဘဲ အမေရိကန်နိုင်ငံဟာ “လူတိုင်းကို မကာကွယ်နိုင်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ ထရန့်ရဲ့မှတ်ချက်တွေကို စိုးရိမ်နေတဲ့ ဥရောပမဟာမိတ်တွေဟာ အဲ့ဒီအချက်ကို ကျော်ဖြတ်ရန် လိုအပ်တယ်လို့ ကင်းဆပ်စ်က အထက်လွှတ်တော်အမတ် ရော်ဂျာမာရှယ် (Roger Marshall) က ပြောကြားခဲ့ပါတယ်။

“မင်းသိပါတယ်၊ သူတို့ ကျော်ဖြတ်ဖို့ လိုတယ်။ သူတို့ဟာ ကိုယ်ဟာကိုယ် ရပ်တည်နိုင်ကြောင်း ကြံခိုင်ကြောင်း ပြသနိုင်ရမယ်။ ငါတို့ကလည်း ကိုယ့်နယ်ခြား နယ်နမိတ်ကို အရင်ကာကွယ်ရမယ်။ ကိုယ့်နိုင်ငံမှာရှိနေတဲ့အရာတွေကို အရင်ဆုံး ဂရုစိုက်ရမယ်။ ကိုယ့်နယ်နိမိတ်ကို လုံခြုံအောင် စောင့်ရှောက်နိုင်တဲ့အခါ၊ အရမ်းကောင်းလာမယ်။ ပြီးတော့မှ တခြားလူတွေကိုလည်း ကူညီကြပါစို့” လို့ ကင်းဆပ်က ရီပတ်ပလီကင်အမတ်က ပြောကြားခဲ့ပါတယ်။

ဆီးနိတ်မှာ ကင်တာကီက အထက်လွှတ်တော်အမတ် ရန်ဒ်ပေါလ် (Rand Paul) က ဥပဒေပြဋ္ဌာန်းချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ အချိန်ဇယားကို ကြာရှည်စေခဲ့တဲ့အတွက် ဆီးနိတ်မှာ ဥပဒေကြမ်းကို ထည့်သွင်းစဉ်းစားရန် ရက်အတော်ကြာ ပို၍တိုးလာခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်တစ်ဦးဦးဟာ လုပ်ငန်းစဉ်ကို နှေးကွေးစေပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့ အချိန်ကုန်စေတဲ့ မဲပေးမှုတွေ ပြုလုပ်ဖို့ အထက်လွှတ်တော်ကို တွန်းအားပေးနိုင်ပါတယ်။

ပေါလ်ဟာ တနင်္ဂနွေနေ့အထိ အချိန်ဆွဲနေခဲ့ပြီး သူ့အနေနှင့် “အဆုံးစွန် အချိန်ဆွဲနိုင်တဲ့အထိ သွားဖို့” ထိန်းထားမယ်လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံတော် ကြွေးမြီကိစ္စနဲ့ တခြားကိစ္စရပ်တွေကို ပြောဆိုခြင်းနဲ့ လွှတ်တော်တွင်း ထိန်းထားဖို့ အသင့်ရှိကြောင်း သူက ပြောခဲ့ပါတယ်။ “ကျွန်တော်က စကားပြောရတာ ကြိုက်တယ်။ အဲဒါက ကျွန်တော် အကြိုက်ဆုံး လုပ်စရာတွေထဲက တစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ပေါလ်က “ကျွန်တော်တို့ ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်။ “ဒီနေရာမှ ရှိနေရတာ ကျွန်တော် မကြိုက်ဘူး။ ပျော်စရာကောင်းလို့ ဒီမှာရောက်နေတာမဟုတ်ဘူး၊ ကျွန်တော် ဒီနေရာမှာပြောနေရတာက အကြွေးရဲ့ အန္တရာယ်အကြောင်းကို လုံလောက်အောင် လူတွေက ပြောနေတယ်လို့ မထင်တဲ့အတွက်ကြောင့်ပါ။” တနင်္ဂနွေနေ့က Super Bowl အားကစားပွဲ မစတင်မီ နာရီပိုင်းအလိုလိုမှာ အထက်လွှတ်တော်တွင်း မဲပေးရာမှာ မဲအရေအတွက် ၆၇ မှ ၂၇ နဲ့ ရှေ့သို့ဆက်လက်ဆောင်ရွက်ဖို့ မဲပေးပြီး ဥပဒေမူကြမ်းကို အတည်ပြုပေးခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ ဖုန်းနဲ့စကားပြောအပြီး သမ္မတထရန့်၏လူမှုကွန်ရက်မှ ထုတ်ပြန်ချက်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 1 Views
မတ်လ (၁၉) ရက်။ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အလွန်ကောင်းမွန်တဲ့ တယ်လီဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ဒီဖုန်းခေါ်ဆိုမှုဟာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ဆွေးနွေးမှုအများစုကတော့
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်ခ် နှင့် DOGE တို့သည် USAID ကို ပိတ်ရန် ကြိုးပမ်းမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသဖြင့် အေဂျင်စီကို ပြန်လည်ဖွင့်လှစ်ရမည်ဟု တရားသူကြီးက အမိန့်ချမှတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 1 Views
မတ်လ (၁၉) ရက်။ DOGE သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းလမ်းများစွာဖြင့် ချိုးဖောက်ဖွယ်ရှိသည်ဟု ဆိုကာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီစနစ်များကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၄၀၀ ကျော်သွားပြီလို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနပြော

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 12 Views
မတ်လ (၁၈) ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ အသစ်ပြန်လည် တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေ ၄၀၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အပျက်အစီးများအောက်တွင် လူအများအပြား ပိတ်မိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြားလူ ၅၆၂ ဦး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုသည် ဂါဇာကမ်းမြောင်ဒေသအတွက် ကြောက်ရွံ့မှုအား ပြန်လည်တိုးပွားစေသည်ဟု နော်ဝေဒုက္ခသည်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 11 Views
မတ်လ (၁၈) ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းသည် ပါလက်စတိုင်းပိုင်နက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို မလွှဲမရှောင်သာ ပိုမိုဆိုးရွားသွားစေလိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းလူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတစ်ခုက အင်္ဂါနေ့တွင် သတိပေးခဲ့သည်။ နော်ဝေဒုက္ခသည်ကောင်စီ (NRC) မှ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးစစ်တပ် IDF က ဂါဇာတွင် ကြီးမားသော ထိုးစစ်ဆင်မှုကို ပြုလုပ်ပြီး အရပ်သားများကို ရပ်ကွက်များစွာမှ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 11 Views
မတ်လ (၁၈) ရက်။ “IDF သည် အကြမ်းဖက်အဖွဲ့အစည်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပြီး ထိုသတ်မှတ်ထားတဲ့နေရာတွေကို အန္တရာယ်ရှိတဲ့ တိုက်ခိုက်ရေးဇုန်အဖြစ် သတ်မှတ် လိုက်ပါတယ်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များအတွက် အာရဗီစကားဖြင့် ပြောရေး ဆိုခွင့်ရှိသူ အဗီချေး အက်ရီး (Avichay
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အာရှ

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ပြန်လည်စတင်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အလွန်စိုးရိမ်ပူပန်လျက်ရှိသည်ဟုဆို

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 9 Views
မတ်လ (၁၈) ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်လာခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အလွန်စိုးရိမ်နေပြီး အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို ပြန်လည် လုပ်ဆောင်ရန် တောင်းဆို ထားကြောင်း ဘေဂျင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “တရုတ်က
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်အသံ (Voice of America) ကို ထရန့်က ဖျက်သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ‘ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလဲ’ ဟု တရုတ်က ဂုဏ်ပြုမှာပါ။

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 11 Views
မတ်လ (၁၈) ရက်။ တရုတ်အမျိုးသားရေးအင်ဖလူဝင်ဇာတစ်ဦးက ၎င်းကို “တကယ် ကျေနပ်စရာ” ဟု ပြောလိုက်ပြီး နောက်တစ်ယောက်ကလည်း ခေါင်းကိုငုံ့ကာ ရယ်လိုက်သည်။ ပြီးတော့ နိုင်ငံပိုင်မီဒီယာ အယ်ဒီတာ့အာဘော်တွင် “လိမ်လည်ပြောကြားနေတဲ့စက်ရုံ” ဟု ခေါ်ဆိုသည့် “ ဗီအိုအေ”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 9 Views
မတ်လ (၁၈) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို အစ္စရေးစစ်တပ်က ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တာ ကလေးငယ်များ အပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေက