မေလ (၁၃)ရက်။
ဒီကနေ့ နံနက်(၁၀)နာရီခွဲအချိန်မှာ ဖားဆောင်းမြို့ ခလရ(၁၃၅)နယ်မြေထဲက စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ကလလတ စစ်နည်းဗျူဟာ(၁)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစခန်းကုန်းကို ကလလတဗျူဟာ(၁)၊ (၉၄၂၀)တပ်ရင်း ညွှန်ကြားရေးမှူးဦးဆောင်ကာ ကြယ်ဖြူ KNS Army နဲ့ စစ်နည်းဗျူဟာ(၁)လက်အောက်ရှိ (၄၈၇၈)တပ်ရင်း ၊ KA D-1 ဒရုန်းတပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့နဲ့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ အစရှိတဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစခန်းကုန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီစခန်းကုန်းကနေ MA ကျည်၊ အီနာကာကျည်၊ (၁၄)မိုင်း၊ (၁၆)မိုင်း၊ (၁၈)မိုင်း၊ လက်ပစ်ဗုံး၊ G3 ကျည်နဲ့ MA ကျည်ဘောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
တပ်ပေါင်းစုဘက်က အဲ့ဒီစခန်းကုန်းမှာ တပ်စွဲပြီး နေရာယူကာ ခလရ(၁၃၄)နဲ့(၁၃၅)တပ်ရင်းတွေကို အနီးကပ်စောင့်ကြည့်ပြီး အခိုင်အမာတပ်စွဲကာ သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။