နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရုရှားစစ်သင်္ဘောအုပ်စု ကျူးဘားနိုင်ငံ၊ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာ

ရုရှားစစ်သင်္ဘောအုပ်စု ကျူးဘားနိုင်ငံ၊ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာ

+++++++++++++++++++

ရုရှားရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းနဲ့ နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတို့ဟာ ဗုဒ္ဓဟူးနေ့က ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာခဲ့ကြပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ ကျူးဘား နှစ်နိုင်ငံကြား တင်းမာမှုတွေမရှိပေမယ့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်လာချိန်မှာ ရုရှားရဲ့ အင်အားပြသမှုတစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

“ကျူးဘားကိုရောက်ရှိလာတဲ့ ရုရှားစစ်သင်္ဘောတွေဟာ ဗလာဒီမာပူတင်ရဲ့ ဩဇာလွှမ်းမိုးမှုနယ်ပယ်ကို ပြသလိုက်တာဖြစ်သလို မော်စကိုက ဝါရှင်တန်ကို စိန်ခေါ်နိုင်တယ်ဆိုတာ သမ္မတဂျိုးဘိုင်ဒန်ကို သတိပေးလိုက်တဲ့ နည်းလမ်းလည်းဖြစ်ပါတယ်” လို့ အမေရိကန်တက္ကသိုလ်က ပါမောက္ခ ဝီလျံ လီယိုဂရန်ဒီက ပြောပါတယ်။

“ပထဝီနိုင်ငံရေးအရ ညှိယူမှုဟာ စစ်အေးတိုက်ပွဲရဲ့ ဂယက်ရိုက်ခတ်မှုဆိုပေမယ့် အခုဟာက ပထမစစ်အေးတိုက်ပွဲကာလကနဲ့ မတူပါဘူး။ ကျူးဘားလူမျိုးတွေက ဘယ်အယူဝါဒနဲ့မှ မပတ်သက်ဘဲ စီးပွါးရေးလိုအပ်ချက်အရ မော်စကိုဘက်ကို ဆွဲသွင်းခံထားရတာပါ။ ကျူးဘားရဲ့ စီးပွါးရေးချွတ်ခြုံကျနေချိန်မှာ ရုရှားက ဆိုဗီယက်ခေတ်ကလိုပဲ သိသာထင်ရှားတဲ့ အကူအညီတွေပေးခဲ့တာဖြစ်ပါတယ်”

ရုရှားစစ်သင်္ဘောတွေရောက်ရှိလာချိန်ဟာ ကျူးဘားနိုင်ငံမှာ အစားအသောက်၊ လောင်စာဆီနဲ့ ဆေးဝါးကအစ အရာရာ ပြတ်လပ်နေပြီး မကျေနပ်မှုတွေတိုးပွါးနေတဲ့အချိန်ဖြစ်ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရတော့ စစ်ရေယာဉ် ၄ စင်းဟာ အတ္တလန္တိတ်သမုဒ္ဓရာအတွင်း ဒုံးကျည်ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ကျူးဘားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရုရှားစစ်ရေယာဉ်အုပ်စုဟာ မည်သည့် နူကလီးယားလက်နက်ကိုမျှ တင်ဆောင်လာခဲ့ခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ရုရှားစစ်သင်္ဘောအုပ်စုကို ကျူးဘားဒေသခံတွေ၊ တံငါသည်တွေနဲ့ ရဲဝန်ထမ်းတွေ စူးစမ်းလေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ကျူးဘားဒေသခံတစ်ဦးဖြစ်တဲ့ မာရီယာအစ္စဘယ် ကွီဆာဒါကတော့ “ ဒီလောက်ကြီးတဲ့ သင်္ဘောကြီးကို အပြင်မှာ နီးနီးကပ်ကပ် တစ်ခါမှ မမြင်ခဲ့ဖူးဘူးဆိုတော့ အခုလိုမြင်လိုက်ရတော့ အရမ်းအံ့အားသင့်သွားခဲ့ရတယ်” လို့ ပြောပါတယ်။

အမေရိကန်အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကတော့ ကျူးဘားကိုရောက်ရှိလာတဲ့ ရုရှားစစ်သင်္ဘောတွေဟာ ပုံမှန်လေ့ကျင့်မှုသာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ရုရှားစစ်သင်္ဘောတွေဟာ ဟာဗားနားဆိပ်ကမ်းမှာ ဇွန်လ 17 ရက်နေ့အထိ ရှိနေမယ်လို့လည်း သိရပါတယ်ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်