နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးအကြား လူမျိုးရေး၊ စစ်ရေးပဋိပက္ခများ ဖြစ်မလာဖို့ AA အနေနဲ့ ချင်းပြည်နယ်မှာ စစ်ရေးဖော်ဆောင်တာကို ရှောင်ရှားဖို့ ချင်းပြည်ကောင်စီ (Chinland Council) ထုတ်ပြန်

ဇွန်လ (၁၃) ရက်။

ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးအကြားမှာ မလိုလားအပ်တဲ့ လူမျိုးရေးနဲ့ စစ်ရေး ပဋိပက္ခများ ဖြစ်မလာဖို့ ULA/AA အနေနဲ့ ချင်းပြည်နယ်အတွင်းမှာ စစ်ရေး မဖော်ဆောင်ဖို့နဲ့ ချင်းလူမျိုးတွေအပေါ် အတင်းအကြပ် အုပ်ချုပ်ရေးဖော်ဆောင်တာအိမ်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေတာကို ရပ်တန့်ဖို့ ချင်းပြည်ကောင်စီက ဇွန်လ (၁၀) ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ULA/AA ဟာ ချင်းပြည်အတွင်း အပြစ်မဲ့ပြည်သူများကို အတင်းအဓမ္မတပ်သားများစု ဆောင်းပြီး စစ်သင်တန်းတွေ သင်ယူစေခြင်း၊အတင်းအကြပ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်တာအပြင် အချင်းချင်းကြားလေးစားမှုကို လစ်လျူရှုပြီး လွတ်လပ်စွာ ပညာသင်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်တွေကို တားဆီးပိတ်ပင်ပြီး အခြေခံလူ့အခွင့်အရေးများကို ချိူးဖောက်နေတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလုပ်ရပ်များဟာ အကြမ်းဖက်စစ်ကောင်စီကို ဘုံရန်သူအဖြစ်စုပေါင်းတိုက်ခိုက်နေတဲ့ တော်လှန်ရေးအတွင်း တိုင်းရင်းသားမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေတဲ့အပြင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် ဖော်ဆောင်နေတဲ့ တော်လှန်ရေးလမ်းစဉ်ကို နှောင့်နှေးစေတာကို တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းပြည်ရဲ့အချုပ်အခြာအာဏာဟာ ချင်းပြည်သူလူထုများဖြစ်တာနဲ့အညီ ULA/AA အနေနဲ့ ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ရေးဖော်ဆောင်တာတွေ ရှောင်ရှားပေးဖို့နဲ့ ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း မိမိတို့ပြည်သူများရဲ့ သဘောထား ဆန္ဒမပါဘဲ အတင်းအကြပ် အုပ်ချုပ်ရေးဖော်ဆောင်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်ဆောင်နေမှုတွေဟာ တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်းကြား မလိုလားအပ်တဲ့ လူမျိုးရေး၊ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် ဒီလို လုပ်ဆောင်နေမှုတွေကို ရပ်တန့်ပေးဖို့ အလေးနက် တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 21 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို