နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို

အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို

+++++++++++++++++++

နေတိုးမဟာမိတ်တွေအနေနဲ့ တာဝေးပစ်ဒုံးကျည်တွေအသုံးပြုမှုအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းပေးဖို့ ယူကရိန်းသမ္မတဇယ်လင်စကီးကတောင်းဆိုလိုက်ပါတယ်။ အဲဒီလို ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးမယ်ဆိုရင် ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

“ ကျတော်တို့အနေနဲ့ စစ်ပွဲကို အနိုင်ရချင်တယ်ဆိုရင်၊ ယူကရိန်းနိုင်ငံကို ကယ်တင်ချင်တယ်ဆိုရင် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်”

ယူကရိန်းသမ္မတဇယ်လင်စကီးက နေတိုးအကြီးအကဲနဲ့ပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဇယ်လင်စကီးက ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်မှု ၂ နှစ်တာကာလထဲကို ရောက်ရှိလာချိန်မှာ မဟာမိတ်နိုင်ငံတွေရဲ့ တခဲနက်အားပေးကူညီမှုကို ကျေးဇူးတင်ရှိကြောင်းနဲ့ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ကိုလည်း တောင်းဆိုသွားခဲ့တာပါ။

ကိယက်မြို့က ကလေးဆေးရုံကို ရုရှားက ဒုံးကျည်အပါအဝင် လေကြောင်းကနေပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမေရိကန်အစိုးရက ယူကရိန်းအတွက်လိုအပ်တဲ့ လက်နက်တွေ ပေးပို့မယ်လို့ ပြောဆိုပြီးနောက်မှာ ယူကရိန်းက ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေရဲ့ လက်နက်အကူအညီတွေဟာ ရုရှားနယ်စပ်ထိသာ ပစ်ခတ်လို့ရအောင် ကန့်သတ်ထားတာဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ကတော့ ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေအထိပါ ပစ်ခတ်နိုင်တဲ့ လက်နက်တွေ ကူညီထောက်ပံ့ထားတာပါ။

ရုရှားတွေကတော့ စစ်ပွဲမှာ အကန့်အသတ်မရှိတဲ့လက်နက်တွေကို အသုံးပြုနေတာဖြစ်တယ်လို့ ဇယ်လင်စကီးရဲ့ အစိုးရအကြီးအကဲ အင်ဒရီယာမက်က နေတိုးထိပ်သီးအစည်းအဝေးနောက်ဆုံးနေ့မှာ ထောက်ပြခဲ့ပါတယ်။ မဟာမိတ်တွေ ကူညီထောက်ပံ့ပေးတဲ့လက်နက်တွေဟာ ရုရှားကို ခံတိုက်ဖို့ ဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့တာပါ။

“ ရန်သူက ကျတော်တို့ အရပ်သားပြည်သူတွေ၊ ကလေးတွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်နိုင်တယ်၊ ကျတော်တို့မှာတော့ ပြန်လည်တိုက်ခိုက်ဖို့က အကန့်အသတ်တွေရှိနေတယ်။ အဲဒီကန့်သတ်မှုတွေက တကယ့်ကို အပြောင်းအလဲဖြစ်စေတဲ့အရာပါပဲ။ မဟာမိတ်တွေအနေနဲ့ အဲဒါကို နားလည်သဘောပေါက်ပြီး တတ်နိုင်သမျှ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်စစ်ဘက်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ နေ့စဉ်နဲ့အမျှ ယူကရိန်းအရေးကို စောင့်ကြည့်လေ့လာနေပြီး ဘယ်လောက်ထိ ထဲထဲဝင်ဝင်ဆောင်ရွက်ရမယ်ဆိုတာကို ဆုံးဖြတ်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 33 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ