နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

၀က်လက်မြို့က ကျောင်းသားသမဂ္ဂတစ်ဦး သေဆုံးခဲ့တဲ့အပေါ် တရားခံကိုဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြော

ဇူလိုင်လ (၁၃)ရက်။

၀က်လက်မြို့က ကျောင်းသားသမဂ္ဂအဖွဲ့၀င် မောင်မြင့်မြတ်ဦး သေဆုံးခဲ့တဲ့အပေါ် တရားခံကို အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြည်ထဲရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အသက်(၁၇)နှစ်အရွယ် မောင်မြင့်မြတ်ဦးဟာ စိုင်နိုင်ကြီးကျေးရွာသင်္ချိုင်းအနီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲနဖူးပြတ်ရှဒဏ်ရာ၊ ညာဘက်ဂျိုစောင်းပြတ်ရှဒဏ်ရာ၊ ညာဘက်လက်မောင်း ထိုးသွင်းပေါက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အခုလို ထိုးသွင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ မောင်မြင့်မြတ်ဦးရဲ့ ဖခင်ဖြစ်သူက ၀က်လက်မြိုနယ်ရှိ NUG လက်အောက်ခံ ပြည်သူ့ရဲတပ်ဖွဲ့စခန်းကို တရားလိုပြုလုပ် တိုင်တန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုင်းတန်းချက်အပေါ် ၀က်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်ကာ တရားလိုအပါအ၀င် သက်သေတွေနဲ့ အခင်းဖြစ်နေရာတွေကို စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် NUG ၀န်ကြီးဌာနအနေနဲ့ မောင်မြင့်မြတ်ဦး အသတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး တရားခံအမြန်ဆုံးပေါ်ပေါက်ကာ ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့လဲ ပြောဆိုထားပါတယ်။

မိတ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေအနေနဲ့လဲ တရားခံ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးတာအပါအ၀င် ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့၀င် ရဲဘော် မြင့်မြတ်ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ဖြစ်စဉ်အမှန် ပေါ်ပေါက်စေဖို့နဲ့ ဒေသထဲ တရားဥပဒေလုပ်ဆောင်ချက်တွေကို သေချာစိစစ်ဆောင်ရွက်ပေးဖို့ ဗကသများအဖွဲ့ချုပ်က NUG ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရွှေသောင်ယံရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 2 Views
ဇန်နဝါရီလ (၁၈)ရက်။ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက
မြန်မာသတင်း

သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 4 Views
ဇန်နဝါရီလ (၁၈)ရက်။ ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်၊
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 4 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို မီးရှို့ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခင်ဦးနယ်အနောက်ခြမ်း ပျဉ်ထောင်ပျူရွာအခြေချ
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 6 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို မီးရှို့ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခင်ဦးနယ်အနောက်ခြမ်း ပျဉ်ထောင်ပျူရွာအခြေချ
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂) တော်လှန်ရေးအောင်မြင်ရင် ဒီမိုကရေစီရလာနိုင်သလား ဆိုတဲ့ခေါင်းစဥ်နဲ့ ဒုတိယပိုင်း ဆွေး‌နွေးမှုအဖြစ် ဦးထွန်းအောင်ကျော်နဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ဆွေး‌နွေးမှုကို တင်ဆက် လိုက်ပါတယ် ဒီဆွေးနွေးမှုရဲ့ ဒုတိယပိုင်းအဖြစ် ဒီ မိုကရေစီခိုင်မာအောင် ဘာတွေလိုအပ်သလဲ နဲ့ စစ်အာဏာသိမ်းမှုကနေ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 14 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိန္ဒိယသံအမတ်ဟာ ကုလားတန်ဆိပ်ကမ်းစီမံကိန်းမှာ ‌ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ဖို့အနေနဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာသတင်း

လေကြောင်းတိုက်ပွဲဝင်သူတွေ တိုက်ပွဲဝင်လိုစိတ် မြင့်မားနေရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းတိုက်ပွဲဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမယ်လို့ မနေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းပွဲမှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆)ရဲ့ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မနေ့က နံနက်ပိုင်းအချိန်က