နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နွေးထွေးပျူငှာစွာကြိုဆိုကြဖို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေတိုက်တွန်း

ဩဂုတ်လ (၁၃)ရက်။

ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ ပြောင်းရွှေ့နေထိုင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နွေးထွေးပျူငှာစွာ ကြိုဆိုဆက်ဆံပေးကြဖို့ ရန်ကုန်အခြေစိုက်တော်လှန်ရေးအင်အားစုတွေရဲ့ ဒီကနေ့မှာ တိုက်တွန်းထားချက်အရ သိရပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်ခုခံထိုးစစ်တွေကြောင့် ဆက်တိုက်ရှုံးနိမ့်နေပြီး တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေရပြီလို့ ဆိုပါတယ်။

စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရဲ့ ရှုံးနိမ့်တာတွေကြောင့် သွေးရူးသွေးတန်းဖြစ်နေပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲဝာာအပါအ၀င် လေကြောင်းတိုက်ခိုက်တာတွေလိုမျိုး စစ်ရာဇ၀တ်မှုတွေကို အရှက်မဲ့စွာ ကျူးလွန်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် စစ်ဖြစ်ပွားရာဒေသတွေရှိ ပြည်သူတွေဟာ နေအိမ်၊ ရပ်ရွာ၊ မြို့တွေကို စွန့်ခွာပြီး တော်လှန်စစ်ပွဲတွေ အရှိန်ပြင်းထန်တာမရှိသေးတဲ့ ရန်ကုန်နဲ့ မန္တလေးအပါအ၀င် စစ်ပွဲလွတ်ရာဒေသတွေကို ခက်ခက်ခဲခဲနဲ့ စစ်ရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

ဒီအချိန်ဟာ “ငါတို့မှာ ငါတို့ပဲရှိတယ်”ဆိုတဲ့ စိတ်ဓါတ်နဲ့ ပြာ်သူအချင်းချင်း ဖေးမကူညီကျော်ဖြတ်ရမယ့်အချိန်ဖြစ်ကာ ရန်ကုန်ကို ရောက်ရှိလာတဲ့ ညီနောင်သားချင်း စစ်ဘေးရှောင်ပြည်သူတွေကို ဝိုင်း၀န်းကူညီဖေးမဖို့ တော်လှန်ရေးအင်အားစု‌တွေက နှိုးဆော်ထားပါတယ်။

ရပ်ကွက်၊ မြို့နယ်တွေထဲ ပြောင်းရွှေ့နေထိုင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အိမ်ငှားခ၊ အဆောင်ငှားခတွေကို ဈေးနှုန်းလျော့ပြီး ငှားရမ်းပေးတာနဲ့ မတန်တဆ ဈေးနှုန်းမြှင့်တင်တာတွေကို ကန့်ကွက်ရှုံ့ချတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ကာယအား၊ ဓနအား၊ ဉာဏအားအလိုက် နေထိုင်စားသောက်ဖို့ ကူညီပေးတာ၊ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်စေတဲ့ ပြောဆိုရေးသားတာတွေကို ရှောင်ရှားပြီး ပြုလုပ်သူတွေကို ဝိုင်း၀န်းကန့်ကွက်ရှုံ့ချဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ စစ်ဘေးရှောင်တွေအပေါ် ကျူးလွန်ဖိနှိပ်တာတွေကို ဖော်ထုတ်သတင်းပေးတာအပါအ၀င် တော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ကို အတူတူတိုက်ပွဲ၀င်ကြဖို့ တိုက်တွန်းနှိုးဆော်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 68 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 54 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို