နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင်းမူမြို့မှာ စစ်တပ်တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ယာဝင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူ (၂)ဦး သေဆုံးခဲ့

နိုဝင်ဘာလ (၁၃)ရက်။

ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က မြင်းမူမြို့အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်တပ်တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ယာဝင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Dog Killers People’s Defense Force ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မြင်းမူမြို့အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက အကြမ်းဖက်စစ်သား (၂၀)ခန့် တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ယာဝင်းကို တော်လှန်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။

စစ်တပ်တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ယာဝင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဗိုလ်အဆင့်ရှိသူ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တ်ူလို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ မြင်းမူမြို့ပေါ်ရှိ အထက(၁)ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေက ‌လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီဘက်က သံပြားကာကားတွေနဲ့ စစ်ကူရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ကာ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးထဲ Dog Killers People’s Defense Force(DK PDF MMU)အပါအဝင် Moe Nyo Revolution Force(MNRF)၊ ဇေယျာရွှေမြေ၊ အနောက်ခြမ်းပကဖ စတဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 0 Views
ဒီဇင်ဘာလ (၂)ရက်။ မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အနားယူမှာမဟုတ်သလို ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာက မနေ့က ပြည်သူသို့ အသိပေးတင်ပြချက်မှာ
မြန်မာသတင်း

ပခုက္ကူခရိုင်အခြေစိုက် Local PDF နှစ်ဖွဲ့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 27 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ ပခုက္ကူခရိုင်အခြေစိုက် God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ အညာမြေတပ်ပေါင်းစုထံ
မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 30 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း နတ်မှော်ရွာထဲကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ မနက် (၁၂)နာရီ (၆)မိနစ်လောက်က ပေါင်
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 26 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ
မြန်မာသတင်း

CDM ဆရာဝန်အမျိုးသမီးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး NUG က ပြည်သူတွေကို တောင်းပန်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 23 Views
ဒီဇင်ဘာလ (၂)ရက်။ မင်းကင်းမြို့မှာ CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်(ခ)Dr တူးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ မြို့နယ်ပအဖတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ရပ်နားတဲ့အချိန်မှာ လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့
မြန်မာသတင်း

ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ ဟက်ဘာ (Alina Habba) သည် နယူးဂျာစီပြည်နယ် အမေရိကန် ရှေ့နေအဖြစ် တရားမဝင် တာဝန်ထမ်းဆောင်နေကြောင်း အယူခံတရားရုံးက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 18 Views
CNN- ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂ရက် တနင်္လာနေ့တွင် ဖက်ဒရယ် အယူခံတရားရုံးတစ်ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ ဟက်ဘာ သည် နယူးဂျာစီပြည်နယ် အမေရိကန် ရှေ့နေအဖြစ် တရားမဝင် တာဝန်ထမ်းဆောင်နေသည် ကို
မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 36 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက ကျော်ဝင်း(ခ)ထောင်မှူးဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျော်ဝင်း(ခ)ထောင်မှူးဆိုသူအပါအဝင် (၅)ဦးစုဖွဲ့ပြီး
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 32 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံဖိုင် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တယ်လို့ သိရပါတယ်။