နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ဘက်ဆိုင်ရာမှာ AI ကို စမ်းသပ်တီထွင်ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၃)ရက်။

စစ်ဘက်ဆိုင်ရာမှာ ဉာဏ်ရည်တုနည်းပညာ(AI)ကို အသုံးပြုဖို့ စမ်းသပ်တီထွင်တာတွေ ကြိုးပမ်းလုပ်ဆောင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်မှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ခတ် စစ်ဘက်ဆိုင်ရာ သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ဉာဏ်ရည်တုနည်းပညာ(AI)ကို ပိုမိုအသုံးပြုလာတာကြောင့် AI နဲ့ပတ်သက်ပြီး လေ့လာသုတေသနပြုတာနဲ့ စမ်းသပ်တီထွင်ထုတ်လုပ်တာကို ကြိုးပမ်းလုပ်ဆောင်ဖို့ ဆိုပါတယ်။

ခေတ်သစ်စစ်ပွဲတွေမှာ ဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေကို ထိရောက်စွာ ပုံဖော်တိုက်ခိုက်နေကြတယ်လို့ သူက ပြောဆိုထားပါတယ်။

ဒါ့ကြောင့် မျက်မှောက်ခတ်စစ်ပွဲတွေမှာ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ အင်အားသာလွန်တာထက် နည်းပညာသာလွန်တာကို အထူးအလေးပေးဆောင်ရွက်ပြီး ကာကွယ်ရေးဆိုင်ရာမူဝါဒ ချမှတ်တဲ့အခါ နည်းပညာက အရေးပါတဲ့အနေအထားကို ရောက်နေပြီလို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒီလို ပြောင်းလဲတိုးတက်လာတဲ့ စက်မှုသိပ္ပံနဲ့ နည်းပညာရပ်တွေကို အမီလိုက်နိုင်ဖို့အတွက် လေ့ကျင့်ဆောင်ရွက်တာတွေ လုပ်ဆောင်သွားဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် မျက်မှောက်ခေတ် စစ်မြေပြင်ဟာ သတင်းအချက်အလက်နည်းပညာကို အခြေခံပြီး Digitalize Battle Field အသွင်ဆောင်လာနေတယ်လို့လဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကို ရာနှုန်းပြည့် မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 21 Views
အောက်တိုဘာလ (၁၆)ရက်။ အကြောင်းအမျိုးမျိုးကြောင့် ရာနှုန်းပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 21 Views
တော်လှန်ရေးရဲဘော်တွေအပါအဝင် အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆို အောက်တိုဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၃)နာရီခန့်က ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက
မြန်မာသတင်း

လက်ပံတန်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၅)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 18 Views
အောက်တိုဘာလ (၁၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန် လက်ပံတန်းမြို့ သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သရက်ချောင်းရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ RCSS ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 18 Views
အောက်တိုဘာလ (၁၆)ရက်။ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ RCSS ရဲ့ ထုတ်ပြန်ချက်ထဲ NCA (၁၀)နှစ်တာကုလထဲ အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိခဲ့တာကြောင့် ရည်မှန်းထားတဲ့အတိုင်း
မြန်မာသတင်း

KIA က ဖားကန့်ဒေသထဲ တပ်သားသစ်စုဆောင်းတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ စာပို့တင်ပြထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 52 Views
အောက်တိုဘာလ (၁၅)ရက်။ ဖားကန့်ဒေသထဲ တပ်သားသစ် စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအင်အားစုတွေက KIA ရဲ့ အမှတ်(၉)တပ်မဟာမှူးထံ အောက်တိုဘာလ (၁၁)ရက်နေ့ရက်စွဲနဲ့ စာပို့တင်ပြထားတယ်လို့ သိရပါတယ်။ အဲ့ဒီတင်ပြတဲ့စာထဲ ဖားကန့်ဒေသမှာ တပ်သားသစ်စုဆောင်းတဲ့ ဖြစ်စဉ်တွေဟာ နေ့တိုင်းလိုလို ရုပ်ပျက်ဆင်းပျက် ဖြစ်ပွားနေပြီး
မြန်မာသတင်း

ရန်ကုန် မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 42 Views
အောက်တိုဘာလ (၁၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်္ဂလာဒုံမြို့နယ်က စကစရဲ့ တရားမဝင်ရွေးကောက်ပွဲမှာပါဝင်တဲ့ အကြမ်းဖက်ပါတီ ကြံ့ခိုင်ရေးရုံးကို ပြင်းအားမြင့်မိုင်းကော
မြန်မာသတင်း

စစ်အုပ်စုက အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 46 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောင်နဲ့ အချုပ်ခန်းက အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ဆိုပြီး ဖိအားပေးနေတာ။ မဲထည့်ဖို့ငြင်းရင် ကန့်ကွက်မဲဆိုပြီး
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA ပွဲကိုတက်တဲ့ ခေါင်းဆောင်ဟောင်းတွေက အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 35 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတာနီးက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက KNU ခေါင်းဆောင်တွေဆိုပေမယ့် အခုကာလမှာ