နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါ ကျောက်တိုက်နယ်ပအဖက သေဒဏ်အထိချမှတ်နိုင်တဲ့ ဒေသန္တရတားမြစ်ချက်တွေ ထုတ်ပြန်

ဒီဇင်ဘာလ (၁၃)ရက်။

ပြီးခဲ့တဲ့လပိုင်းက ဂန့်ဂေါခရိုင် ကျောက်တိုက်နယ်ပအဖအဖွဲ့ရဲ့ နယ်မြေထဲက ရပ်ရွာတွေကို သေဒဏ်အထိ ချမှတ်နိုင်တယ်ဆိုတဲ့ ဒေသန္တတားမြစ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကျောက်တိုက်နယ် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ဒေသန္တ ဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲပြီး ဥပဒေနဲ့အညီ အုပ်ချုပ်စီမံခန့်ခွဲကာ ဒေသထဲ ခိုင်မာပြတ်သားချက်တွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကျောက်တိုက်နယ်ဗဟိုဦးဆောင်ကော်မတီ ပအဖရဲ့ ဒေသန္တတားမြစ်ချက်ထဲ (၂၃)ချက်ပါဝင်ကာ သစ်၊ ဝါး မခုတ်ဖို့၊ မျှစ်မချိုးဖို့၊ သယံဇာတတွေ ခွင့်ပြုချက်မရှိဘဲ ထုတ်ယူမသုံးဖို့၊ မူးယစ်ဆေးဝါးတွေ သယ်ယူ၊ ရောင်းချ၊ သုံးစွဲတာမလုပ်ဖို့ဆိုတာတွေ ပါရှိပါတယ်။

နောက်ပြီး NUG ထုတ်ပြန်တဲ့ တားမြစ်ကုန်တွေ မသယ်ဖို့၊ စစ်ကောင်စီပစ္စည်းတွေ မသယ်ဖို့၊ တော်လှန်ရေးကိစ္စတွေကို မနှောင့်ယှက်ဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာမလုပ်ဖို့နဲ့ ပကဖနဲ့ PDF စတဲ့ အဖွဲ့တွေမှာ တာဝန်ထမ်းဆောင်တာမရှိသူ‌တွေ လက်နက်ကိုင်ဆောင်တာမပြုဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် ကျောက်တိုက်နယ် ပအဖနယ်မြေမှာ နေထိုင်လိုပါက ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး ဧည့်စာရင်းတိုင်ဖို့အပြင် ပအဖ၊ ပကဖနဲ့ PDF အဖွဲ့တွေကို စော်ကားပုန်ကန်ရင် ထိရောက်စွာအရေးယူမယ်လို့လဲ ပြောဆိုထားပါသေးတယ်။

အခုလို ဒေသထဲ တားမြစ်ချက်တွေကို ကျူးလွန်ရင် သေဒဏ်အထိ ချမှတ်အရေးယူသွားမယ်လို့ ပြောဆိုထားသလို ပြည်သူတွေအပါအဝင် ဘယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမဆို လေးစားလိုက်နာကြဖို့ အသိပေးထားပါတယ်။

ဒီလိုမျိုး သေဒဏ်အထိ အရေးယူမယ်ဆိုတဲ့ တားမြစ်ချက်တွေဟာ အာဏာရှင်ဆန်ဆန် ပြုလုပ်တဲ့သဘောမျိုး သက်ရောက်ပြီး ပြည်သူနဲ့ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်မျိုးဖြစ်တာကြောင့် ပြန်လည်ရုပ်သိမ်းဖို့ ဒေသခံတွေက ပြောဆိုနေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို