နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂါဇာကမ်းမြှောင်တွင် လေးလနီးပါးကြာ ပဋိပက္ခများတွင် သေဆုံးခဲ့ရသည့်ကလေးငယ်များ အရေအတွက်သည် ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခများတွင် လေးနှစ်အတွင်း သေဆုံးခဲ့သည့် အရေအတွက်ထက် ပိုများနေ။

မတ်လ (၁၄) ရက်။

ဂါဇာကမ်းမြှောင်တွင် လေးလနီးပါးကြာ ပဋိပက္ခများတွင် သေဆုံးခဲ့ရသည့်ကလေးငယ်များ အရေအတွက်သည် ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခများတွင် လေးနှစ်အတွင်း သေဆုံးခဲ့သည့် အရေအတွက်ထက် ပိုများသည်ဟု ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်များ အေဂျင်စီ (UNRWA) မှ ထုတ်ပြန်ကြေညာခဲ့သည်။

UNRWA ညွှန်ကြားရေးမှူးချုပ် Lazzarini က X (ယခင် Twitter) တွင် ဤအရေအတွက်သည် အံ့အားသင့်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Lazzarini သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခများတွင် သေဆုံးခဲ့သည့် ကလေးအရေအတွက်နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကြားတွင် ဂါဇာ၌ သေဆုံးခဲ့ရသူအရေအတွက်ကို ခန့်မှန်းရန် ကုလသမဂ္ဂနှင့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနတို့မှ ကိန်းဂဏန်းများကို ကိုးကားဖော်ပြထားပါသည်။

အဆိုပါကိန်းဂဏန်းများအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ကလေးငယ် စုစုပေါင်း 12,193 ဦး သေဆုံးခဲ့သည်။ တစ်ချိန်တည်းတွင်ပင် င့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂါဇာတွင် ကလေးစုစုပေါင်း 12,300 သေဆုံးခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ Lazzarini မှ တင်ထားသော ကိန်းဂဏန်းများထက် လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ဂါဇာတွင် ကလေးငယ်များ သေဆုံးမှု ပိုများလာသည်။ အနောက်ဘက်ကမ်း ရာမာလာရှိ ကျန်းမာရေး ဝန်ကြီးဌာနက သေဆုံးသူ ဦးရေသည် ၁၃,၄၅၀ ဦးအထိ ရှိခဲ့ကြောင်း ၁၃ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ သေဆုံးသူ ၃၁၂၇၂ ဦးအနက် ၇၂ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။

နိုင်ငံတကာ သတင်းအဖွဲ့ အစည်းများကို ဂါဇာသို့ ဝင်ခွင့်မပြုသောကြောင့် အဆိုပါ ကိန်းဂဏန်းများကို CNN မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးဟု ဖော်ပြထားပါသည်။

Source: CNN

ဓာတ်ပုံ။

အစ္စရေးတို့၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦ၏ ပြတင်းပေါက်မှ အမျိုးသမီးနှင့် ကလေးတစ်ဦးကို တွေ့မြင်ရစဉ်။

နိုဝင်ဘာ ၂၀၂၃၊ ရာဖာ၊ ဂါဇာကမ်းမြှောင်၊ ပါလက်စတိုင်းနယ်မြေ/Said Khatib/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 123 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို