နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြိုတင်ကြေညာထားခြင်းမရှိဘဲ ကိယက်ဗ်မြို့ကို ရောက်ရှိလာ

မေလ (၁၄) ရက်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်သည် ကြိုတင်ကြေညာထားခြင်းမရှိဘဲ မေ ၁၄ ရက်နေ့တွင် ကိယက်ဗ်မြို့ကို ရောက်ရှိလာခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်းကို အမေရိကန်ကဆက်လက်ပံ့ပိုးမည့် အကြောင်းပြောကြားရန်နှင့် ယူကရိန်းလိုအပ်နေသော လက်နက်များ ပံ့ပိုးပေးရေးအတွက် ကိယက်ဗ်မြို့ကို ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရှိရပါသည်။။

ဘလင်ကင်သည် ပိုလန်နိုင်ငံမှ ညရထားဖြင့် ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၄) ရက်နေ့တွင် ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဘလင်ကင်သည် ယူကရိန်းကို စတုတ္ထအကြိမ်မြောက် ရောက်ရှိလာခြင်း ဖြစ်ပါသည်။

အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ ၆၁ ဘီလျံကို အတည်ပြုပေးခဲ့ပြီးနောက် သီတင်းပတ်များစွာအကြာတွင် ဘလင်ကင်၏ ယူကရိန်းခရီးစဉ် ဖြစ်ပေါ်လာခဲ့ပါသည်။

အခုခရီးစဉ်ဟာ အရှေ့ပိုင်းရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး ရုရှားတွေက အခုနယ်စပ်ကို ဖြတ်ကျော်ပြီး ခါကိဗ်အထိ တိုက်ခိုက်နေပြီး အလွန်ခက်ခဲတဲ့အခြေအနေကို ကျရောက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို ခိုင်ခိုင်မာမာအာမခံတဲ့ အကြောင်းပြသဖို့ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အကြီးတန်းအမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယူကရိန်းသို့ လက်နက်များ အမြန်ဆုံးရောက်ရှိရေးအတွက် တတ်နိုင်သည့်ကိစ္စအားလုံးကို လုပ်ဆောင်နေသည်ဟု မေ ၁၃ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့ပါသည်။

ရန်သူ၏အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုကို ခံနေရသော နိုင်ငံအရှေ့ပိုင်းတွင် ယူကရိန်းတပ်ဖွဲ့များသည် စခန်းနေရာများကို အပြောင်းအလဲများ လုပ်နေသည်ဟု မေ ၁၄ ရက်ညပိုင်းတွင် ယူကရိန်းစစ်တပ်ကပြော ကြားခဲ့သည်။

ခါကိဗ်မြို့ကို ရုရှားထိုးစစ်၏ ခြိမ်းခြောက်မှုအား မတွေ့ရသေးဟု ယူကရိန်းလုံခြုံရေးကောင်စီအကြီးအကဲက ပြောကြားခဲ့ပါသည်။ ခါကိဗ်မြို့သည် တိုက်ပွဲဇုန်နှင့် ကီလိုမီတာ ၃၀ ဝန်းကျင်သာ ကွာဝေးသည်ဟု ဆိုပါသည်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးက ဘယ်ဂိုရော့ဒေသတွင် ယူကရိန်းဘက်က ပစ်လိုက်သည့် ဒုံးကျည် ၂၅ စင်းကို ကြားဖြတ်ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြားခဲ့သည်။

ဘလင်ကင်သည် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးပါက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလီဘာနှင့်လည်းတွေ့ဆုံမည်ဟု သိရှိရပါသည်။

ဓာတ်ပုံ။

မေ ၁၄ ရက်နေ့က ကိယက်ဗ်ရထားဘူတာသို့ ဆိုက်ရောက်လာသည့် ဘလင်ကင်ကို ယူကရိန်းဆိုင်ရာအမေရိကန်သံအမတ်က ကြိုဆိုနေစဉ်

Photo: REUTERS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်