နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

သမ္မတဟောင်း ဒေါ်နယ် ထရန့်ကို လုပ်ကြံသတ်ဖြတ်သူကို FBI ဖော်ထုတ်

ဇူလိုင်လ (၁၄) ရက်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်သူ သေနတ်သမားဟာ အသက် ၂၀ အရွယ် သောမတ်စ် မက်သယူး ကရော့စ် (Thomas Mathews Crooks) ဖြစ်တယ်လို့ သည်ရပါတယ်။

ထရန့်ရဲ့ စုဝေးပွဲကျင်းပရာ ဘတ်တလာမြို့ရဲ့ တောင်ဘက် ၃၅ မိုင်ခန့်အကွာ ပင်ဆယ်ဗေးနီးယား ဘက်သယ်လ်ပတ်ခ် (Pennsylvania၊ Bethel Park) မှာ နေထိုင်သူအဖြစ် သတ်မှတ်ဖော်ပြခဲ့ပြီး FBI က ကရော့စ် (Crooks) လို့ အမည်ပေးခဲ့ပါတယ်။

ကရော့စ်ဟာ ၂၀၂၂ ခုနှစ်မှာ Bethel Park အထက်တန်းကျောင်းမှ ဘွဲ့ရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုနဲ့ ကျောင်းစတင်တက်ရောက်တဲ့ ဗီဒီယိုတစ်ခုအရ သိရပါတယ်။

ပင်ဆယ်ဗေးနီးယားရဲ့ မဲဆန္ဒရှင်ဒေတာဘေ့စ်မှာ သူ့အမည်၊ အသက်နှင့် Bethel Park လိပ်စာတို့နဲ့ ကိုက်ညီတဲ့သူတစ်ဦးက မဲပေးရန် မှတ်ပုံတင်ထားပါတယ်။

အခုနှစ် သမ္မတရွေးကောက်ပွဲမှာ အသက်ပြည့်မီတဲ့အတွက် သူ့အတွက် ပထမဆုံး မဲပေးရမယ့်နှစ် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ Progressive Turnout Project ဟုခေါ်သော ဒီမိုကရက်တစ်ဘက်ညီသော နိုင်ငံရေးလုပ်ဆောင်မှုကော်မတီအား Thomas Crooks အဖြစ် စာရင်းသွင်းထားတဲ့ အလှူရှင်တစ်ဦးက ၁၅ ဒေါ်လာပေးခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှတ်တမ်းများက ဖော်ပြသည်။

လူမှုကွန်မျက်နှာ စာမျက်နှာတခုက ဗီဒီယိုမှာတော့ သူ့နာမည်က သောမတ်စ် မက်သယူး ကရော့စ် ဖြစ်ပြီး ရီပါဘလစ်ကန်ပါတီကို မုန်းတီးကြောင်းနဲ့ ထရန့်ကို မုန်းတယ်လို့ ပြောဆိုထားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ အသတ်ခံရပြီးနောက်၊ Crooks ဟုတ်မဟုတ် သူ့ ရဲ့ DNA က တဆင့် biometric အတည်ပြုချက်ကို ရယူမယ်လို့ FBI ရဲ့ အထူးအေးဂျင့်ဖြစ်သူ ကယ်ဗင်ရိုဂျက် (Kevin Rojek) က ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို