+++++++++++++++++++++++++++++
ဇူလိုင်လ (၁၄) ရက်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ရှိနေတဲ့ အတွက် ဒီနေ့ (၁၄) ရက်နေ့ ညကနေ (၁၈) ရက်နေ့အထိ အပစ်ရပ်မယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ တရုတ်ရဲ့ စိုးရိမ်ချက်အရ၊ တောင်းဆိုလာချက်အရ အပစ်ရပ်ရတာဖြစ်တာလို့ ဆိုထားပြီး အဲဒီအပစ်ရပ်တာကို တပ်ဖွဲ့ဝင်အားလုံး လိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီသတင်းကို အတည်ပြုထားပါတယ်။
ပုံဟောင်း။