နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သီပေါမြို့သိမ်းတိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစု (၂၀၀)နီးပါးကို TNLA ပြန်လွှတ်ပေး

အောက်တိုဘာလ (၁၄)ရက်။

သီပေါမြို့သိမ်းတိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစု (၁၉၁)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ(၅၀၃)နဲ့ (၅၀၄)တပ်စခန်းကနေ ဖမ်းမိခဲ့တဲ့ တပ်မိသားစုဝင်တွေကို လူသားချင်းစာနာတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာလ (၂၆)ရက်နေ့က စစ်ကောင်စီရဲ့ ခမရ(၅၀၃)တပ်စခန်းကို သိမ်းပိုက်ရရှိချိန် တပ်ထဲက အိမ်ထောင်စု (၃၈)စုရှိ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၄၈)ဦးနဲ့ ကလေး (၄၃)ဦး စုစုပေါင်း (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စက်တင်ဘာလ (၂၇)ရက်နေ့မှာ ခမရ(၅၀၄)တပ်စခန်းကို သိမ်းပိုက်ခဲ့တဲ့အချိန် တပ်ထဲက အိမ်ထောင်စု (၃၄)စုရှိ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၃၉)ဦးနဲ့ ကလေး (၃၄)ဦး စုစုပေါင်း (၈၉)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင် (၁၉၁)ဦးကို အောက်တိုဘာလ (၁၂)ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့ပြီး ကား (၄)စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၁၂)ရက်မှာ နောက်ဆုံးကျန်ရှိတဲ့ သီပေါမြို့က ခြေလျင်တပ်ရင်း(၂၃)တပ်စခန်းကို TNLA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 18 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 15 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 41 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 36 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 31 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 30 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့